ရောင်းချခဲ့ရ (ရုပ်သံ)

December 3, 2017

ဘရာဇီးတွင် အိပ်ခ်ျအိုင်ဗွီရှိမရှိ စမ်းသပ်နိုင်သည့် ကိရိယာ ၆ လအတွင်း ၅ သောင်း ရောင်းချခဲ့ရ (ရုပ်သံ)

အိပ်ခ်ျအိုင်ဗွီရောဂါပိုးရှိမရှိ ကိုယ်တိုင်စမ်းသပ်နိုင်တဲ့ ကိရိယာကို ဘရာ ဇီးနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်း စတင်ရောင်းချခဲ့ပါတယ်။ ခုချိန်မှာတော့ ၆ လတာကာလအတွင်း ၅ သောင်းရောင်းချခဲ့ရပြီးဖြစ်တယ်လို့ စီဂျီတီအန်သတင်းမှာ ဒီဇင်ဘာ ၂ ရက်နေ့က ဖော်ပြပါတယ်။ ဘရာဇီးနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံထားရသူတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ သူတို့ ရောဂါကူးစက်ခံထားရတယ်ဆိုတာကို မသိကြဘူးလို့ စစ်တမ်းတွေက ဆိုပါတယ်။ “ဒီကနေ့မှာ လူတွေဟာ ကိုယ့်အိမ်အနီးမှာပဲ ဒီစမ်းသပ်တဲ့ ကိရိယာကို ကိုယ့်အိမ်တွေ၊ ရုံးတွေအနီးမှာပဲ ၀ယ်နိုင်ပြီး စမ်းသပ်စစ်ဆေးလို့ ရနေပါပြီ” လို့ Test Orange Life မှ စီးပွားရေးဆိုင်ရာ အကြီးအကဲ အန်တိုနီယို ကားလော့စ် က ပြောပါတယ်။ လူတွေအနေနဲ့ ဒီရောဂါရှိမရှိဆိုတာကိုဖို့ ဆေးရုံဆေးခန်းတွေ၊ ဓာတ်ခွဲခန်းတွေကို သွားဖို့ မလိုအပ်တော့ဘူးလို့ သူက ဆိုပါတယ်။
4 years Ago
Up