ရောင်စုံကြက်ဥ

April 20, 2019

ဂျပန်နိုင်ငံတွင် အီစတာပွဲတော်အတွက် ရောင်စုံကြက်ဥများ ထုတ်လုပ်

ဂျာမနီနိုင်ငံမှာ အီစတာပွဲတော်အတွက် ပြင်ဆင်နေကြချိန် ရောင်စုံကြက်ဥတွေကိုလည်း ပွဲတော်အမီ ထုတ်လုပ်နေကြပါတယ်။ အီစတာပွဲတော်ကျင်းပဖို့ နီးကပ်လာချိန် ဂျာမနီနိုင်ငံတောင်ပိုင်း ဘတ်ရှိးဆန်နရီဒ်မြို့က မွေးမြူရေးခြံတခြံမှာ ပွဲတော်မှာသုံးဖို့ ကြက်ဥတွေကို အရောင်ဆိုးနေပြီး တနာရီကို ကြက်ဥအလုံးရေ ၁ သောင်းခြောက်ထောင်ကျော် အရောင်ဆိုးရပါတယ်။ အဲဒီမွေးမြူရေးခြံပိုင်ရှင် မိသားစုဟာ ကြက်ဥအရောင်ဆိုးတဲ့ လုပ်ငန်းကို ၂၀၀၈ ခုနှစ်ကတည်း အခုချိန်ထိ လုပ်ကိုင်ခဲ့ကြတာပါ။ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ အီစတာပွဲတော်ကာလအတွင်း အဲဒီမွေးမြူခြံမှာ  ကြက်ဥအလုံးရေ ၁၃ သန်းကျော်အထိ အရောင်းဆိုးပေးလေ့ရှိပါတယ်။ အခုနှစ် ဧပြီ ၂၁ ရက်နေ့မှာ အီစတာပွဲတော် ကျင်းပသွားမှာပါ။ “ကြက်ဥတွေကို ပထမဆုံး ရေနွေးငွေ့နဲ့ အပူပေးပါတယ်။ ပြီးမှ ရေပူနဲ့ သန့်စင်ပါတယ်။ အဲဒီကြက်ဥတွေကို  အရောင်တွေဆိုးတယ်။ အရောင်တွေက အရက်ကိုအခြေခံပြီး ဖော်စပ်ထားတာပါ။ ဘာလို့လဲဆိုတော့ ကြက်ဥတွေ ပူနေတဲ့အချိန် အရက်နဲ့ ထိတွေ့ပေးလိုက်တဲ့အခါမှ  အငွေ့ပျံပြီးတော့ အရောင်စွဲကျန်ခဲ့တာပါ။ အရောင်ဆိုးပြီးသား ကြက်ဥတွေကို ပြန်ပြီး အခြောက်ခံပါသေးတယ်။ ပြီးတော့မှာ အအေးခံပြီး ပါကင်ထုတ်ပါတယ်။” လို့ ကြက်ဥအရောင်းဆိုး လုပ်ငန်းပိုင်ရှင်ရဲ့ သားဖြစ်သူ မာဆယ် ဇမ်ဘရော့ က ပြောပါတယ်။ အီစတာပွဲတော်ကာလအတွင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်မွေးမြူရေးခြံထဲကရတဲ့ ကြက်ဥတွေနဲ့ မလောက်လို့ တခြားမွေးမြူရေးခြံက ကြက်ဥတွေကိုလည်း နေ့စဉ်ကုန်တင်ကားနဲ့ သယ်ယူပြီး  အရောင်ဆိုးကြရပါတယ်။ အခုနှစ်အစောပိုင်းမှာ မြို့တော်ဘာလင်က တိရစ္ဆာန်ဥယာဉ်မှာ အီစတာပွဲတော် ကျင်းပခဲ့ပြီး မျောက်ဝံကြီးတွေကို ရောင်စုံကြက်ဥတွေ ကျွေးခဲ့ကြပါတယ်။ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း နှစ်ပတ်လည် အခါသမယအဖြစ် ကျင်းပလေ့ရှိတဲ့ အီစတာပွဲတော်မှာ ရောင်စုံကြက်ဥတွေကို ပွဲတော်အတွက် တန်ဆာဆင်ကြသလို့ လက်ဆောင် ပေးလေ့လည်း ရှိကြပါတယ်။
2 years Ago
Up