ရောင်စုံအပြေးပွဲ

June 12, 2017

မော်စကိုတွင် ကျင်းပသည့် ရောင်စုံအပြေးပွဲ လူထောင်ချီဆင်နွှဲ (ရုပ်သံ)


မော်စကိုတွင် ကျင်းပသည့် ရောင်စုံအပြေးပွဲ လူထောင... ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ ဇွန်လ ၁၁ ရက်နေ့က ထောင်နဲ့ချီတဲ့လူတွေ စုစည်းခဲ့ကြပြီး နှစ်စဉ်ကျင်းပနေကျ ရောင်စုံအပြေးပွဲကို ဆင်နွှဲခဲ့ပါတယ်။ မော်စကိုမြို့သား အများအပြားက အထူးအဆန်းဝတ်စုံတွေ ဝတ်ထားပြီး ပြေးလမ်းတလျှောက် နေရာယူရင်း အပြေးသမားတွေပေါ်ကို အရောင်စုံခြယ်ထားတဲ့ ပေါင်ဒါမှုန့်တွေနဲ့ ပက်ဖြန်းခဲ့ပါတယ်။ ပန်းခြံထဲက ပြေးလမ်းဟာ ၅ ကီလိုမီတာ ရှည်လျားပါတယ်။ ဒါဟာ ရုရှားမြို့တော်မှာ ငါးကြိမ်မြောက်ကျင်းပတဲ့ ရောင်စုံပွဲစဉ်လည်း ဖြစ်ပါတယ်။
4 years Ago
Up