ရေလွှာလျှောစီး

October 3, 2018

ဘရာဇီးနိုင်ငံသူ ၆၈ ပေလှိုင်းအမြင့် ရေလွှာလျှောစီး၍ ကမ္ဘာ့စံချိန်သစ်တင် (ရုပ်သံ)

ဘရာဇီးနိုင်ငံသူ မာယာ ဂါဘေဒါဟာ အမျိုးသမီးလှိုင်းစီးသူတွေထဲမှာ ကမ္ဘာ့စံချိန်သစ်  တင်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂါဘေဒါဟာ  ပေါ်တူဂီနိုင်ငံ နာဇရိမြို့ကမ်းခြေမှာ ဇန်န၀ါရီ ၁၈ ရက်နေ့က ၆၈ ပေမြင့်တဲ့ လှိုင်းကို ရေလွှာလျှောစီးပြခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့စံချိန်တင် လှိုင်းစီးသူအဖြစ်  အောက်တိုဘာ ၁ ရက်နေ့ကမှ တရားဝင် ကြေညာခဲ့တာပါ။ ဒါ့အပြင် ဂါဘေဒါကို ဂင်းနစ်မှတ်တမ်းဝင်လက်မှတ်လည်း ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က ဂါဘေဒါဟာ ရေလွှာလျှောစီးပြိုင်ပွဲဝင်ရင်း သတိလစ်မေ့မြောကာ ရေနစ်သေဆုံးမလိုဖြစ်ခဲ့ပါတယ်။ ဒီအတွက် အခုလို ကမ္ဘာစံချိန်တင် မှတ်တမ်းဝင်ခဲ့တာဟာ ဂုဏ်ယူဖွယ် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

September 25, 2017

အံ့မခန်း ရေလွှာလျှောစီးစွမ်းရည်ပြ ပြိုင်ပွဲဝင်ခဲ့ကြသည့် ချစ်စဖွယ် ခွေးကလေးများ (ရုပ်သံ)

ပင်လယ်ရေပြင်ဟာ ကြမ်းတမ်းပုံ ပေါက်ပေမယ့် ဒီခွေးကလေးတွေအဖို့တော့ ဘာမှ မမှုလောက်စရာ ဖြစ်လို့နေတာဟာ တကယ့်ကို အံ့သြစရာပါပဲ။ ဒါဟာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ကယ်လီဖိုးနီးယားမှ ခွေးကလေးတွေရဲ့ စွမ်းရည်ပြ ရေလွှာလျှောစီးပြိုင်ပွဲပါ။ ဒီပြိုင်ပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ဟန်တင်တမ်ကမ်းခြေမှာ ကျင်းပခဲ့တာပါ။ အရွယ်အစားစုံ ခွေးကလေးတွေဟာ သူတို့ရဲ့သခင်တွေကို ရေလှိုင်းတွေကြား ဦးဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ကြတာဖြစ်ပြီး တချို့ခွေးကလေးတွေဟာ အသက်ကယ်ဝတ်စုံတွေနဲ့ ချစ်စဖွယ် ယှဉ်ပြိုင်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒီပြိုင်ပွဲကရရှိတဲ့ ရန်ပုံငွေတွေကိုတော့ ခွေးကလေးတွေအတွက် ပရဟိတလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုသွားမှာ ဖြစ်တယ်လို့ သည်ဆန်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
4 years Ago
More News
Up