ရေလွှမ်းမိုး

February 16, 2018

ဘိုလီးဗီးယားတွင် မိုးကြီး ရေလွှမ်းမှုကြောင့် သေဆုံးသူ အနည်းဆုံး ၅ ဦးရှိ

ဘိုလီးဗီးယားနိုင်ငံမှာ မိုးရာသီ မိုးကြီး ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ အနည်းဆုံး ၅ ဦး ရှိနေပြီလို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ နေရာရွှေ့ပြောင်းထားရတဲ့ မိသားစုဝင် အရေအတွက်ကလည်း ၁၄၈၀၀ အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားရတဲ့ မြို့နယ် ၁၁၆ မြို့နယ်ရှိပြီး နိုင်ငံအလယ်ပိုင်း လော့စ်ရန်ဂက်စ်ဒေသ၊ မြို့တော် လာပက်ဇ်နဲ့ ကိုချာဘမ်ဘာမြို့တွေမှာ ရေလွှမ်းမိုးမှုက အဆိုးရွားဆုံး ဖြစ်ပါတယ်။ အခုလို နိုင်ငံတဝန်း မိုးကြီးရေလျှံမှုတွေအတွက် ဘိုလီးဗီးယားသမ္မတ အဲဗိုမိုရာလက်စ်က အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
4 years Ago

February 2, 2018

မုန်တိုင်းကြောင့် နယူးဇီလန် လမ်းမများ ရေလွှမ်းမိုး

နယူးဇီလန်နိုင်ငံမှာ မိုးကြီးပြီး မုန်တိုင်းကျရောက်ခဲ့လို့ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံမြောက်ပိုင်း အော့ကလန်မြို့လမ်းမတွေ ရေလွှမ်းနေပြီး အမှိုက်တွေလည်း ရေပေါ်မှာ ပြန့်ကျဲနေပါတယ်။ အော့ကလန်မြို့တွင်း တနေရာက လမ်းမကြီးတလျှောက် အမှိုက်ရေတွေ ဖုံးလွှမ်းနေတာကို ရိုက်တာသတင်းဌာနက ရရှိတဲ့ ဗွီဒီယိုမှတ်တမ်းအတွင်း မြင်တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ဆက်လက်မိုးကြီးနိုင်တယ်လို့လည်း ဒေသခံ မိုးလေဝသဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up