ရေကြီးရေလျှံမှုတွေကြောင့် လမ်းမပေါ်ရောက်နေခဲ့တဲ့ မိကျောင်းကြီးတကောင်ကို ကားတစီးက ဖြတ်သွားချိန်မှာ ဟွန်းသံပေး မောင်းထုတ်ခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ သြစတြေးလျနိုင်ငံမြောက်ပိုင်း ပြည်နယ်တခုမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အနီရောင်ကားတစီးဟာ မိကျောင်းရှိနေခဲ့တဲ့ ရေလျှံနေတဲ့ လမ်းအတိုင်း မောင်းနှင်လာခဲ့တာကို တွေ့ရပါတယ်။
ရေကြီးရေလျှံမှုကြောင့် လမ်းမအလယ် ရွှံ့တွေကြား ဘယ်လိုရောက်နေခဲ့မှန်းမသိတဲ့ မိကျောင်းကြီးကို ယာဉ်မောင်းဖြစ်သူက ဟွန်းသံအကျယ်ကြီးပေးလိုက်ပြီး မောင်းထုတ်ခဲ့ပြီးနောက်မှာတော့ နေရာကနေ တဖြည်းဖြည်းနဲ့ ရှဲသွားခဲ့တာပါ။
ဒီရုပ်သံဗွီဒီိယိုဖိုင်ကို သြဂုတ် ၆ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပြီး Only in Australia အမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago