ရေလုပ်သားများ

February 4, 2016

ရေလုပ်သားများအတွက် ထိုင်းအစိုးရက နေထိုင်ခွင့်လက်မှတ် သက်တမ်းတိုးပေး

ထိုင်းနိုင်ငံအတွင်း ငါးဖမ်းရေလုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက နေထိုင်ခွင့်သက်တမ်း တိုးပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့က ပြုလုပ်တဲ့ ထိုင်းအစိုးရအဖွဲ့ ၀န်ကြီးများ အစည်းအဝေးမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို သက်တမ်းတိုးပေးရေးကိစ္စလည်း ဆုံးဖြတ်ခဲ့တယ်လို့ ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်ဆိန်ကျောက် ကမ်နုတ်က သတင်းထောက်တွေကို ပြောပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၆ ဇန်န၀ါရီ ၃၁ ရက်မှာ သက်တမ်းကုန်သွားတဲ့  ပင်လယ်ရေလုပ်ငန်း ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့်ကတ် (ပန်းရောင်) ကို လာမယ့် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား သက်တမ်းတိုးရမှာဖြစ်ပြီး သက်တမ်းတိုးပြီးရင် ၂၀၁၇ ဇန်န၀ါရီ ၃၁ ရက်ထိ နေထိုင်ခွင့်ရရှိမှာပါ။ ဒါ့အပြင် ဖေဖော်ဝါရီ ၂၂ ရက် သက်တမ်းကုန်ဆုံးမယ့် ပင်လယ်ထွက် အစားအစာလုပ်ငန်းနဲ့ စက်ရုံတွေက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထုတ်ပေးထားတဲ့ နေထိုင်ခွင့်ကတ် (ပန်းရောင်) ကိုတော့ ၂၀၁၆ သြဂုတ် ၂၂ နေ့ နောက်ဆုံးထား သက်တမ်းတိုးရမှာဖြစ်ပြီး သက်တမ်းတိုးပြီးရင်  ၂၀၁၇  ဖေဖော်ဝါရီ ၂၂ ရက်ထိ နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ (ကိုးကားသတင်း - ထိုင်းနယူးစ်အေဂျင်စီ)
6 years Ago
Up