ရေလည်ကုန်းက ကျားရုပ်ထု

A d v e r t i s e m e n t With Us

March 7, 2016

ရေလည်ကုန်းက ကျားရုပ်ထု (ဓာတ်ပုံ)

ကော့ကရိတ်မြို့ ရေလည်ကုန်းကျေးရွာမှ ရွာသား ၂ ဦးကို ကိုက်ခဲ့တဲ့ကျားကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး ကျန်ရှိတဲ့ ကျားအရေခွံကို ရုပ်လုံးသွင်းခဲ့ရာ မတ်လ ၆ ရက်နေ့က ပြီးစီးခဲ့ပါတယ်။ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ အရေခွာ ရုပ်လုံးသွင်းပညာရှင် ဦးပေါ်သန်းနှင့် ဦးမျိုးနိုင်တို့မှ ရုပ်လုံးသွင်းခဲ့တာဖြစ်ပါတယ်။ ရုပ်လုံးသွင်းထားတဲ့ ကျားကို ရေလည်ကုန်းကျောင်းတိုက်ရှိ တည်ဆောက်ဆဲ စေတီတော်ဘေးမှာ တန်ဆောင်းဆောက်ကာ အမှတ်တရထားရှိမှာဖြစ်တယ်လို့ ရေလည်ကုန်း ကျောင်းတိုက်ဆရာတော် ဦးကေသရမှ မိန့်တော်မူပါတယ်။ သတင်းဓာတ်ပုံ - ဒေါနအောင်တိုး
5 years Ago
Up