ရေယာဉ်နစ်မြုပ်မှု သေဆုံးခဲ့ရသူများအတွက်

October 16, 2017

ရေယာဉ်နစ်မြုပ်မှု သေဆုံးခဲ့ရသူများအတွက် ဆုတောင်းပွဲပြုလုပ်

မုံရွာမြို့၊ ကျောက်ဆောင်ဆိပ်၊ ချင်းတွင်းမြစ်ဘေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အောင်စိုးမိုးကျော်-၂ အမြန်ရေယာဉ် နစ်မြုပ်မှုမှာ သေဆုံးသွားသူတွေကို ရည်စူးပြီး ဆီမီးထွန်း ဆုတောင်းပွဲကို မနေ့ညနေက ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မော်တော်တိမ်းမှောက် နစ်မြုပ်မှုကြောင့် မော်တော်ပေါ် ပါလာသူတွေထဲက အများအပြား သေဆုံးခဲ့ပြီး ၇၃ လောင်း ဆယ်ယူရရှိကာ ဒီနေ့အချိန်ထိ ပျောက်ဆုံးနေသူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်တရားရုံးမှာ အမှုစစ်ဆေးနေတာလည်း ၁ နှစ်ပြည့်ပြီ ဖြစ်ပေမယ့် စီရင်ချက် မချမှတ်နိုင်သေးပါဘူး။ အဲဒီလို တရားစီရင်ရေးမှာ နှောင့်နှေးကြန့်ကြာနေတာနဲ့ ပတ်သက်ပြီး ဆုတောင်းပွဲ လာသူတွေက တရားစီရင်ရေးအပေါ် ဝေဖန်တာတွေ လည်းရှိနေပါတယ်။ ချင်းတွင်းမြစ်အတွင်းမှာ အောင်စိုးမိုးကျော် ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း လူစီး အမြန်ရေယာဉ်အနေနဲ့ မတော်တဆဖြစ်တာ နည်းသွားပေမယ့် ကုန်တင်ရေယာဉ် မတော်တဆဖြစ်မှုတွေကတော့ ရှိခဲ့ပါတယ်။
5 years Ago
Up