ရေမချိုးချင်လို့ ထွက်ပြေးသည့် သားပေါက်လေးကို ရေချိုးပေးဖို့ ဝက်ဝံမကြီး ဘယ်လိုကြိုးစားခဲ့သလဲ (ရုပ်သံ)

March 18, 2017

ရေမချိုးချင်လို့ ထွက်ပြေးသည့် သားပေါက်လေးကို ရေချိုးပေးဖို့ ဝက်ဝံမကြီး ဘယ်လိုကြိုးစားခဲ့သလဲ (ရုပ်သံ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူ ပန်ဒါမွေးမြူရေး သုတေသနစခန်းမှာ ပန်ဒါဝက်ဝံမကြီး ခိုင်ဖူက သားပေါက်လေး ၂ ကောင်ကို ရေချိုးပေးဖို့ ကြိုးစားနေပါတယ်။ လူကလေးငယ်တွေလိုပဲ ပန်ဒါသားပေါက်တွေကို ရေချိုးပေးရတာ မလွယ်ကူပါဘူး။ သားပေါက် အထီးလေး ဖူရှန်းဟာ မိခင်လက်ကနေ ထွက်ပြေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မိခင်ကြီး ခိုင်ဖူဟာ ဖူရှန်းကို ရေချိုးပေးနိုင်ပါပြီ။ ခိုင်ဖူဟာ သားပေါက်အမလေး ဖူလိုင်ကိုလည်း သစ်ပင်ပေါ် မတက်အောင် လိုက်ဆွဲနေရပါတယ်။ ဒီပန်ဒါပေါက်လေးတွေ ကြီးလာရင် ဘယ်လိုဖြစ်မလဲ ဆိုတာကတော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။
5 years Ago
Up