ရေဘဝဲကြီး

October 13, 2018

ရေဘဝဲကြီးကို ထီလက်မှတ်ရွေးခိုင်းသည့် အမေရိကန်ငါးပြတိုက်(ရုပ်သံ)

ထီထိုးဖို့အတွက် ပထဆုံးပြုလုပ်ရတာဟာ ဘယ်ဂဏန်းကိုရွေးထိုးမလဲ စဉ်းစားရတာပါ။ ဒီလိုထီထိုးရာမှာ တချို့သောသူတွေက သူတို့ရဲ့မွေးနေ့ဂဏန်းတွေကို ရွေးချယ်ကြသလို တချို့ကြတော့လည်း သူတို့ရဲ့ မင်္ဂလာဆောင်တဲ့နေ့တွေအပြင် ပုဂ္ဂိုလ်ရေးအရ ဆက်စပ်မှုရှိတဲ့ နံပါတ်တွေကို ဦးစားပေးရွေးချယ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အမေရိကန်ုနိုင်ငံ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ငါးပြတိုက်တခုရဲ့ တာဝန်ရှိသူတွေကတော့ ဒီအရာတွေထဲက တခုကိုမှမလုပ်ပါဘူး။ သူတို့ဟာ သန်းကြွယ်သူဌေးဖြစ်စေမယ့် ကိန်းဂဏန်းရွေးချယ်မှုအတွက် ရေဘဝဲတကောင်ကို ခိုင်းစေခဲ့တယ်လို့ CNN သတင်းမှာဖော်ပြပါတယ်။ ထီဂဏန်းကို ရွေးချယ်ရတာဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးအလုပ်တွေထဲက တခုဖြစ်ပြီးတော့ ထွက်မယ့် ထီဂဏန်းမှာပါတဲ့ ကိန်းဂဏန်းတွေအားလုံးကို သိပြီးနေရင်တော့ ဒီဂဏန်းတွေကို ရှေ့နောက်အစဉ်လိုက် နေရာချဖို့ကို တော်တော်လေး စဉ်းစားယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ငါးပြတိုက်က တာဝန်ရှိသူတွေကတော့ ဒါကိုလုံးဝမမူပါဘူး။ သူတို့ပြတိုက်ထဲမှာရှိတဲ့ ရေဘဝဲကြီးကို ယုံကြည်စွာနဲ့ပဲ ဂဏန်းရွေးချယ်တဲ့အလုပ်ကို ခိုင်းစေခဲ့ကြပါတယ်။ Sea Life Orlando Aquarium မှာရှိတဲ့ ရေဘဝဲမကြီးကလည်း ဒီလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးတော့ သူမက ၁၈၊ ၃၅၊ ၃၆၊ ၄၁ နဲ့ ၇၀ ဆိုတဲ့ ဂဏန်းတွေကို ရွေးချယ်ပေးခဲ့ပါတယ်။ တကယ်လို့ ဒီရွေးမှုသာ မှန်ကန်ခဲ့မယ်ဆိုရင် ငါးပြတိုက်တာဝန်ရှိသူတွေဟာ လာမယ့်  သောကြာနေ့ ပြုလုပ်မယ့် ထီဖွင့်ပွဲကြီးမှာ ခန့်မှန်းခြေ ဒေါ်လာ ၅၄၈ သန်းနီးပါးကို ပိုင်ဆိုင်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ ဒါဟာ ခန့်မှန်းခြေပမာဏဖြစ်ပြီး ဒီပမာဏဟာ Mega Millions သမိုင်းတလျှောက် တတိယမြောက် အများဆုံးသော ပမာဏဖြစ်လာနိုင်ဖွယ်ရှိတယ်လို့လည်း ယူဆရပါတယ်။
3 years Ago
Up