ရေပန်းစားနေသည့် ခရစ်ယာန်သီလရှင်များ ရော့ခ်ဂီတအဖွဲ့ (ရုပ်သံ)

February 11, 2017

ရေပန်းစားနေသည့် ခရစ်ယာန်သီလရှင်များ ရော့ခ်ဂီတအဖွဲ့ (ရုပ်သံ)

ခရစ်ယာန်သီလရှင်တွေချည်းပါဝင်တဲ့ ရော့ခ်ဂီတအဖွဲ့တဖွဲ့ဟာ လတ်တလောမှာ သူတို့ရဲ့ သီဆိုတီးခတ်မှုတွေနဲ့ ဖျော်ဖြေမှုပုံစံတွေကြောင့် လူသိများရေပန်းစားနေပါတယ်။ စပိန်ဘာသာနဲ့ ဆီရာဒ်ဗာ့စ် (Siervas) လို့ အမည်ပေးထားတဲ့ သူတို့အဖွဲ့ဟာ ပုပ်ရ ဟန်းမင်းကြီးအတွက် ပရိသတ် ၂ သိန်းရှေ့မှာ သီဆိုဖျော်ဖြေခဲ့ပြီးနောက်မှာ ပိုမိုလူသိများ လာခဲ့တာပါ။ ပီရူးအခြေစိုက် ဒီဂီတအဖွဲ့ထဲမှာ တရုတ်၊ ဂျပန်၊ အီကွေဒေါ၊ ချီလီ စတဲ့ နိုင်ငံအစုံက အဖွဲ့ဝင်တွေပါဝင်ပြီး သူတို့ဟာ တူညီတဲ့ ဘာသာစကားတမျိုးတည်းနဲ့ စည်းစည်းလုံးလုံး သီဆိုဖျော်ဖြေနိုင်စွမ်းရှိကြပါတယ်။ လက်ရှိမှာတော့ သူတို့ကို ကမ္ဘာအရပ်ရပ်က လာရောက်ဖျော်ဖြေဖို့ ဖိတ်ခေါ်မှုတွေ အများအပြား လက်ခံရရှိနေတယ်လို့ အန်ဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ရာကတော့ လိုအပ်တဲ့ နေရာတွေမှာ အကူအညီတွေ ပေးနိုင်ဖို့ပါပဲ။
4 years Ago
Up