ရေနံလှောင်ကန်မီးလောင်

October 29, 2018

တရုတ်တွင် ရေနံလှောင်ကန်တခု မီးလောင်

တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင့် စည်ပင်ဒေသ ဘင်းဟိုင်က ရေနံလှောင်ကန်တခုမှာ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက မီးလောင်ခဲ့ပါတယ်။ ချောဆီတွေလှောင်ထားတဲ့ကန်မှာ ဘေကျင်းစံတော်ချိန် ညနေ ၆ နာရီမထိုးခင်က မီးလောင်ခဲ့ပြီး ည ၁၁ နာရီလောက်မှာ မီးငြိမ်းခဲ့ပါတယ်။ မီးလောင်မှုကို မီးသတ်ကား အစီး ၇၀ ကျော်နဲ့ မီးသတ်သမား အယောက် ၅၀၀ လောက် ပါဝင်ငြှိမ်းသတ်ခဲ့တယ်လို့ စီစီတီဗွီသတင်းဌာနက ပြောပြီး ထိခိုက်သေဆုံးမှု အစီရင်ခံစာတော့ မရှိသေးပါဘူး။ မီးက ကုန်လှောင်ရုံထဲက စက္ကူနဲ့ ပလတ်စတစ်တွေကိုသာ လောင်တာဖြစ်ပြီး အဆိပ်သင့် ဓာတုပစ္စည်းတွေ မီးလောင်တဲ့အထဲ မပါဘူးလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
3 years Ago
Up