ရေနံဈေးနှုန်း

June 2, 2018

အိုပက်၏ အားထုတ်မှုကြောင့် ရေနံဈေးနှုန်းကောင်းခဲ့ဟု ရုရှားသမ္မတပြော

ကမ္ဘာ့ရေနံတင်ပို့နိုင်ငံများအဖွဲ့ (အိုပက်) ရဲ့ အားထုတ်မှုတွေကြောင့် ရေနံဈေးနှုန်းကောင်းမွန်ခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အာရပ်စော်ဘွား များပြည်ထောင်စု (UAE) နိုင်ငံ အိမ်ရှေ့စံမင်းသား ရှိတ် မိုဟာမက်ဘင် ဇေယတ်ကို ဇွန် ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ရုရှား၊ ဆော်ဒီနဲ့ အိုပက်တို့ရဲ့ ပူးတွဲအားထုတ်မှုတွေကြောင့် ရေနံဈေးကွက်တည်ငြိမ်အောင်လုပ်ရာမှာ ရလဒ်ကောင်းတွေရှိခဲ့တယ်လို့ သမ္မတပူတင်ကပြောပါတယ်။ အဲဒီနောက် သမ္မတပူတင်နဲ့ ယူအေအီး အိမ်ရှေ့မင်းသားတို့ဟာ ရေနံနဲ့သဘောဝဓာတ်ငွေ့ နယ်ပယ်မှာ ဆက်ပြီး ပူးပေါင်းဆောင်ရွက်မယ့် မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကြေညာချက်တခုကို လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ ကမ္ဘာတစ်ဝှမ်းရေနံဈေးကွက် တည်ငြိမ်ရေးအတွက် ရည်ရွယ်ပါတယ်။
4 years Ago
Up