ရေနံဓာတုကုမ္ပဏီ

March 18, 2019

အမေရိကန်ရှိ ရေနံဓာတု ကုမ္ပဏီ သိုလှောင်ကန်တခု မီးလောင် (ရုပ်သံ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒီးယားပက်ခ်မြို့က Intercontinental Terminals Company ရေနံဓာတုကုမ္ပဏီမှာ မတ်လ ၁၇ ရက်နေ့က သိုလှောင်ကန်တခု မီးလောင်ခဲ့ပါတယ်။ ကောင်းကင်ပေါ်ကို မီးခိုးငွေ့တွေ တလိမ့်လိမ့်တက်လာပြီး မီးထိန်းဖို့ ခက်ခဲနေတာကြောင့် အနားက ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာရွှေ့ကြဖို့ မြို့အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီမီးလောင်တဲ့ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်က အဲဒီသိုလောင်ကန်မှာ မီးစလောင်ခဲ့ပြီး နောက်ထပ် လေးနာရီလောက်အထိ ဆက်လောင်နေခဲ့ပါတယ်။ မီးလောင်တဲ့ သိုလောင်ကန်ထဲမှာတော့ ကုန်ကြမ်းပစ္စည်းတခုခု ရှိနေပုံမရဘူးလို့ ဒေသခံ မီဒီယာတွေက ဖော်ပြကြပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို အခုချိန်ထိ မသိရသေးဘဲ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြပါတယ်။
3 years Ago
Up