ရေနံတူးစင်

October 16, 2017

အမေရိကန်တွင် ရေနံတူးစင် ပေါက်ကွဲ၊ အနည်းဆုံး ၆ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်၊ ပွန်ချန်ထရိန်း ရေကန်ထဲက ရေနံတူးစင်တခု ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဒေသခံမီဒီယာတွေကို ပြောခဲ့ပါတယ်။ ကန်နာမြို့မှာနေထိုင်တဲ့ မြို့ခံတွေ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုတွေမှာ ပေါက်ကွဲပြီးနောက် မီးလောင်နေတာကို လူမှုကွန်ရက်တွေပေါ်မှာ တွေ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် သူတို့အိမ်တွေပါ လှုပ်ခါသွားခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ ကန်နာရဲစခန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ၆ ဦးထက်မက ဒဏ်ရာရသူတွေ ရှိလိမ့်မယ်လို့ ခန့်မှန်းကြောင်း ဒေသခံ မီဒီယာတွေကို ပြောခဲ့ပါတယ်။
4 years Ago
Up