ရေနံစိမ်း

June 27, 2019

အီရန်ထံမှ ရေနံစိမ်းအဝယ် ရပ်ပါက အိန္ဒိယ ရေနံအလုံအလောက်ရရန် အမေရိကန် အာမခံ

အိန္ဒိယအနေနဲ့ အီရန်အပေါ် ဒဏ်ခတ်မှုကို လိုက်နာပြီး ရေနံစိမ်းတွေ ဝယ်တာကို ရပ်မယ်ဆိုရင် ရေနံအလုံအလောက်ရဖို့ အာမခံမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ဇွန်လ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူ အိန္ဒိယဟာ ၂၀၁၈ နိုဝင်ဘာကနေ ၂၀၁၉ မေလကြားမှာ တရက်ကို ရေနံစိမ်းစည် ၁ သိန်း ၈ သောင်း ၄ ထောင်လောက် အမေရိကန်ဆီကနေ ဝယ်ခဲ့ပါတယ်။ ဗင်နီဇွဲလားနဲ့ အီရန်ဆီကနေ ရေနံမဝယ်အောင် အမေရိကန်က အိန္ဒိယကို ဖိအားပေးနေတာပါ။ အမေရိကန်က အီရန်ကို နိုဝင်ဘာက စပြီး ဒဏ်ခတ်အပြီးမှာ အိန္ဒိယက အရှေ့အလယ်ပိုင်းကနေ ရေနံ ပုံမှန်ဝယ်နေရာက အမေရိကန်ဆီက ပိုတိုးပြီး ဝယ်ခဲ့တာကို သတင်းရင်းမြစ်တွေဆီက ရတဲ့ အချက်အလက်တွေက ပြထားပါတယ်။ အိန္ဒိယက ရုရှဆီကနေ S400 မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စနစ်တွေ ဝယ်ယူရေး ရှေ့ဆက်မလုပ်အောင်လည်း အမေရိကန်က တွန်းအားပေးနေတယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
3 years Ago

May 19, 2018

မြန်အောင်ရေနံမြေ တွင်းအမှတ် ၁၇၂ မှ ရေနံစိမ်း တနေ့ စည် ၁၀၀ ထွက်ရှိနေ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ရေနံမြေ တွင်းအမှတ် ၁၇၂ မှ ရေနံစိမ်းတစ်နေ့ စည် ၁ဝဝ စတင်ထွက်ရှိနေပြီလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် မြန်အောင် ရေနံမြေ တွင်းအမှတ် ၁၇၂ မှ မေ ၁ဝ ရက်မှာ ရေနံစိမ်းတစ်နေ့ စည် ၁ဝဝ နဲ့ သဘာဝဓာတ်ငွေ့ ဝ ဒသမ ၁၉ ကုဗပေသန်း စတင်ထုတ်ယူနေပြီလို့ ဆိုပါတယ်။ မြန်အောင်ရေနံမြေမှာ ရေနံတွင်းပေါင်း ၁၇၃ တွင်းရှိကာ လက်ရှိ ရေနံတွင်း ၁၂ တွင်းမှ ရေနံစိမ်း ၂၇ စည်နဲ့ သဘာဝဓာတ်ငွေ့ ဝ ဒသမ ၁ ကုဗပေသန်း ထုတ်ယူနေပြီး ယခု တွင်းအမှတ် ၁၇၂ ကနေ ရေနံစိမ်းစည် ၁ဝဝ နဲ့ သဘာဝဓာတ်ငွေ့ ဝ ဒသမ ၁၉ ကုဗပေသန်း စတင်ထွက်ရှိခဲ့လို့ တနေ့ကို ရေနံစိမ်း ၁၂၇ စည်နဲ့ သဘာဝဓာတ်ငွေ့ ဝ ဒသမ ၂၉ ကုဗပေသန်း ထုတ်လုပ်နိုင်ပြီလို့ မြန်အောင်ရေနံမြေ အထွေထွေမန်နေဂျာ ဦးလှမျိုးထွန်းကပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်းရှိ မြန်အောင်ရေနံမြေကို ၁၉၆၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၅ဝ ကျော်သက်တမ်းရှိသော ရေနံမြေဖြစ်ပါတယ်။ ရေနံမြေဧရိယာမှာ အလျား ၅ မိုင်၊ အနံ ၁ ဒသမ ၅ မိုင် ကျယ်ဝန်းပြီး မိုင်အိုဆင်း သက်တမ်းရှိသော ကျောက်လွှာတွေအတွင်းရှိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို သဲကြောတွေကနေ ထုတ်ယူရရှိနေတာလို့ သိရပါတယ်။
4 years Ago
Up