ရေနစ်သေဆုံး သခင်ကို ပြန်လာနိုးနိုး စောင့်နေခဲ့သည့် သစ္စာရှိခွေးကလေး

June 15, 2017

ရေနစ်သေဆုံး သခင်ကို ပြန်လာနိုးနိုး စောင့်နေခဲ့သည့် သစ္စာရှိခွေးကလေး

ရေနစ်သေဆုံးသွားခဲ့တဲ့ သခင်ဖြစ်သူကို ပြန်လာနိုးနိုး စောင့်နေခဲ့တဲ့ သစ္စာရှိ ခွေးကလေးတကောင်ရဲ့ အဖြစ်ဟာ တကယ့်ကို စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ ရယောင်ခရိုင်ထဲက မြစ်ကမ်းတခုဘေးမှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ထိုင်းရတ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ သေဆုံးသူဟာ အသက် ၃၉ နှစ်အရွယ် ဆူရာဆက်ခ် ဝီဆက်ထရက်တ် အမည်ရတဲ့ အမျိုးသားတဦးဖြစ်ပြီး စိုက်ခင်းခြံစောင့်တဦး ဖြစ်ပါတယ်။ သူဟာ နေ့စဉ် အရက်သောက်လေ့ရှိပြီး ခွေးကလေးနဲ့သာ ခြံထဲမှာ အဖော်ပြု နေထိုင်တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ကတော့ ငါးမျှားသွားရင်း ရေနစ်သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မြစ်ကမ်းဘေးက ကျောပိုးအိတ်ထဲမှာတော့ အဲဒီအမျိုးသားရဲ့ မှတ်ပုံတင်၊ မိုဘိုင်းဖုန်းတလုံးနဲ့ ရှူးဖိနပ်တရံကို တွေ့ရပြီး သူ့ရဲ့ခွေးကလေးက စောင့်နေခဲ့တာကို ရင်နင့်ဖွယ် တွေ့ခဲ့ရတာပါ။ အနီးနားရွာသားတွေဟာ ရဲတွေကို အကြောင်းကြားခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ ရုပ်အလောင်းကို ဆေးရုံပို့ဆောင်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေသလို ဆွေမျိုးတွေကိုလည်း အကြောင်းကြားထားခဲ့တယ်လို့ ဆိုပါတယ်။
4 years Ago
Up