ရေထဲအစာရှာနေသည့် လူတရပ်နီးပါးရှိ ဂေါ်ရီလာဖွတ်ကြီး (ရုပ်သံ)

April 13, 2016

ရေထဲအစာရှာနေသည့် လူတရပ်နီးပါးရှိ ဂေါ်ရီလာဖွတ်ကြီး (ရုပ်သံ)

လူတရပ်နီးပါးရှိတဲ့ ဂေါ်ရီလာ ဖွတ်တကောင် ရေငုပ်သမားတွေလို ရေကူးနေတာကို ရုပ်သံနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဂါလာပါကိုစ့်ကျွန်းထဲအနီးမှာ ဗွီဒီယို ရိုက်ကူးသူ စတိဗ် ၀င့်ခ်ဝေါ့က ဒီရုပ်သံကို မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ သမုဒ္ဒရာ ကြမ်းပြင်ပေါ်မှာ ဖွတ်ကြီးက အစာရှာဖွေနေပါတယ်။ ဒီနောက် လေကို ရှုဖို့ အတွက် ရေမျက်နှာပြင်ပေါ်ပြန်တက်တာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရေငုပ်တဲ့အချိန်မှာတော့ အမြီးက ဘေးတဘက်တချက်ကို ယမ်းခါနေပါတယ်။ ရုပ်သံဖိုင်ကို ရီဒစ်မှာ တင်ထားတာလည်း ဖြစ်ပါတယ်။ ရေထဲမှာနေတဲ့ ဖွတ်အများစုဟာ အသီးအရွက်စား သတ္တ၀ါဖြစ်ပြီးတော့ ၉ မီတာ အနက်အထိ ရေငုပ်နိုင်ပါတယ်။
6 years Ago
Up