ရေထဲနစ်မြုပ် ကားအတွင်းမှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သည့် အမျိုးသား (ရုပ်သံ)

March 30, 2017

ရေထဲနစ်မြုပ် ကားအတွင်းမှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သည့် အမျိုးသား (ရုပ်သံ)

ထိုင်းနိုင်ငံမှာ မိုးသည်းထန်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီးတဲ့နောက်မှာ ရေကြီးရေ လျှံမှုတွေ နေရာအနှံ့ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရေထဲနစ်မြုပ်ခဲ့တဲ့ ကားထဲကနေ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့တဲ့ အမျိုးသားတဦးကို တွေ့ရမှာပါ။ ဒီအဖြစ်အပျက်ဟာ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်း ၁၁.၃၀ နာရီမှာ ရာယောင်းခရိုင် လမ်းမတခုပေါ်မှာ ဖြစ်ခဲ့တာလို့ ထိုင်းနယူးစ်အေဂျင်စီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရေထဲမှာ နစ်မြုပ်ပြီး ပေါလောပေါ်နေခဲ့တဲ့ ကားထဲမှ အဆိုပါအမျိုးသားဟာ ကားပြ တင်းပေါက်မှတဆင့် ခုန်ကျော်ထွက်ခဲ့ရပြီး ရေထဲကို ကူးခပ်ပြီး လွတ်အောင်ရုန်းထွက်ခဲ့ရတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ မိုးကြီးရေလျှံမှုကြောင့် လမ်းမတွေပေါ် မီတာ ၄၀၀ လောက်ထိ ရိုက်ခတ်ခဲ့ကာ ရေ အနက် ၂ မီတာလောက်ထိ ဖုံးလွှမ်းခဲ့တဲ့အတွက် လမ်းမတလျှောက် ဆိုင်ခန်းတွေလည်း ပျက်စီးသွားခဲ့ရတာပါ။ ရုတ်တရက်ဖြစ်လာတဲ့ ဒီအခြေအနေမှာ ဒေသခံလမ်းသွားလမ်းလာတွေနဲ့ ယာဉ်တွေလည်း ပိတ်မိနေခဲ့ကာ တခါမှ ခုလိုမကြုံဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ နေ့လယ်ပိုင်း ၂ နာရီလောက်မှာတော့ သာမန်အခြေအနေအတိုင်းပြန်ဖြစ်ခဲ့ပေမယ့် မိုးပိုလာနိုင်ဖွယ်ရှိတဲ့ သတိပေးချက်တွေကိုတော့ ထုတ်ပြန်ထားခဲ့ရတယ်လို့ သ တင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up