ရေထုထဲမှ သွေးစက်ကို အနံ့ခံရှာဖွေနိုင်သည့် အံ့ဖွယ် ခွေးကလေး (ရုပ်သံ)

November 4, 2016

ရေထုထဲမှ သွေးစက်ကို အနံ့ခံရှာဖွေနိုင်သည့် အံ့ဖွယ် ခွေးကလေး (ရုပ်သံ)

တရုတ်နိုင်ငံမှ ခါကဲန်လို့ အမည်ပေးထားတဲ့ ခွေးကလေးတကောင်ဟာ သူ့ရဲ့ အံ့သြလောက်ဖွယ် အနံ့ခံစွမ်းဆောင်ရည်ရှိတဲ့ နှာခေါင်းကြောင့် နာမည်ကျော်နေပါတယ်။ ဒီခွေးကလေးဟာ သွေးတွေကို အနံ့ခံနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်ရှိတာမို့ သံသယရှိသူတွေကို နောက်ယောင်ခံလိုက်နိုင်ဖို့ အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာတော့ သူဟာ အလေးချိန် ၁ တန်ရှိတဲ့ ရေထုထဲက သွေးတစက်ကို အနံ့ခံရှာဖွေပြီး စံချိန်တင်နိုင်ဖို့ ကြိုးစားနေတာပါ။ သူ့ရဲ့စွမ်းရည်ကို စမ်းသပ်နိုင်ဖို့ တရုတ်-အမေရိကန် အဆိုတော် လီဟွန်းဝမ်ရဲ့ သွေးကို ရေထဲမှာထည့်ထားပြီး ရှာဖွေစေမှာပါ။ ရေထဲမှာ သွေးပါဝင်တဲ့ ဒြပ်ထုဟာ ၂၀၀၀ ပုံရဲ့ ၁ ပုံသာ ရှိနေတာပါ။ ဒါကို ခွေးကလေး ခါကဲန်ဟာ ရှာတွေ့ပါ့မလား ဆိုတာကို စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရှုစားကြရမှာပါ။
6 years Ago
Up