ရေတွင်းပျက်အောက်ခြေမှ အဆိပ်ပြင်းမြွေ ၅ ကောင်ကို စွန့်စားဖမ်းပြသူ

July 6, 2017

ရေတွင်းပျက်အောက်ခြေမှ အဆိပ်ပြင်းမြွေ ၅ ကောင်ကို စွန့်စားဖမ်းပြသူ (ရုပ်သံ)

ဒါဟာ တကယ့်ကို နှလုံးသွေးရပ်မတတ် ခံစားရစေမယ့် အခိုက်အတန့်ပါ။ စွန့်စား မြွေဖမ်းသမားတဦးဟာ ရေတွင်းပျက်တခုရဲ့ အောက်ခြေမှာ ရှိနေတဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံး အဆိပ်ပြင်းမြွေ ၅ ကောင်ကို ဖမ်းပြခဲ့လို့ပါပဲ။ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော့စ်မက်ဂစ်ဘွန်ဟာ သြစတြေးလျနိုင်ငံ အနောက်ပိုင်း၊ ပါ့သ်မြို့မှ အချိန်ပြည့် မီးသတ်သမားတဦးဖြစ်ပြီး ခုလို စွန့်စား မြွေဖမ်းပြခဲ့မှုဟာ လူတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။ သူ့သူငယ်ချင်းပိုင်ဆိုင်တဲ့ အရင်က ရေတွင်းအဖြစ် အသုံးပြုခဲ့ဖူးတဲ့ အနက် ၆ မီတာရှိတဲ့ ရေတွင်းပျက်ထဲကို ဆင်းပြီး မြွေဆိုး ၅ ကောင်ကို စွန့်စား ဖမ်းဆီးနိုင်ခဲ့တာပါ။ လက်ချည်းဗလာသက်သက်နဲ့ အဆိပ်ပြင်းမြွေတွေကို အမြီးကနေကိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင် ဖမ်းပြခဲ့တာဟာ တကယ့်ကို အံ့သြစရာပါပဲ။ သူဖမ်းဆီးခဲ့တဲ့ မြွေတွေထဲမှာ သြစတြေးလျ အဆိပ်ပြင်းမြွေအမျိုးအစားတွေဖြစ်တဲ့ အညိုရောင် အနောက်ပိုင်းမြွေ ၄ ကောင်နဲ့ အဆိပ်ပြင်း မာလ်ဂါမြွေတကောင် ပါဝင်တယ်လို့ ဆိုပါတယ်။
5 years Ago
Up