တရုတ်နိုင်ငံ၊ အန်ဟွီးခရိုင်၊ ရှီကျိုးမြို့က အသက် ၈၀ အရွယ် အဘွားအိုတဦးဟာ မီတာ ၃၀ အနက်ရှိတဲ့ ရေတွင်းထဲ ပြုတ်ကျခဲ့တဲ့အတွက် ကယ်ဆယ်ရေးသမားတွေက ကယ်တင်ခဲ့ကြပါတယ်။
အဘွားအိုဟာ အဲဒီရေတွင်းအဖုံးပေါ်ကနေ ဒီဇင်ဘာ ၁၃ ရက်နေ့က ချော်ကျခဲ့တယ်လို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။
ရေတွင်းရဲ့အောက်ခြေမှာ ခန္ဓာကိုယ်တပိုင်းဟာ ရေနစ်နေခဲ့တာဖြစ်ပြီး အချိန်တနာရီနီးပါးကြာအောင် ပိတ်မိနေခဲ့တာပါ။
ကယ်ဆယ်ရေးသမားတွေဟာ အဘွားအိုကို အချိန်နာရီဝက်အတွင်းမှာ ဆွဲထုတ် ကယ်တင်ခဲ့ကြရပြီး ခုချိန်မှာတော့ သူ့ရဲ့အခြေအနေဟာ စိုးရိမ်စရာမရှိတော့ဘဲ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
7 years Ago