ရေတွင်းထဲပြုတ်ကျသည့် ၂ နှစ်သားကလေးကို ခက်ခက်ခဲခဲ ကယ်တင်

April 27, 2017

ရေတွင်းထဲပြုတ်ကျသည့် ၂ နှစ်သားကလေးကို ခက်ခက်ခဲခဲ ကယ်တင် (ရုပ်သံ)

ရိုမေးနီးယားနိုင်ငံ ဘာလ်တာဆာရာတာမြို့မှာ ဧပြီ ၂၅ ရက်နေ့က ရေတွင်းထဲ ပြုတ်ကျသွားတဲ့ ကလေးငယ်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ပါတယ်။ အသက် ၂ နှစ်သာရှိသေးတဲ့ ဒန်နီယယ် ပါစကူဟာ ဧပြီ ၂၅ ရက်နေ့က အစ်ကို၊ အစ်မတွေနဲ့ ကစားနေစဉ် အိမ်အနီးရှိ အနက် ၅၂ ပေရှိတဲ့ ရေတွင်းထဲ ပြုတ်ကျခဲ့တာပါ။ မိခင်က နေအိမ်ထဲမှာ အလုပ်ရှုပ်နေချိန် ခပ်ကြီးကြီးကလေးတွေက ရေတွင်းအဖုံးကို ဖယ်ရှားကစားချိန်မှာ အငယ်ဆုံးကလေး ဒန်နီယယ်လ်က ရေတွင်းထဲ ရုတ်တရက် ပြုတ်ကျသွားတာ ဖြစ်ပါတယ်။ ဒီအတွက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ၁၂ နာရီလောက်ကြာအောင် ကယ်ဆယ်ခဲ့ရပါတယ်။ ရေတွင်းဟာ အတော်နက်ပေမယ့် အကျယ် ၃၀ စင်တီမီတာလောက်ပဲ ရှိတာပါ။ ဒီ့အတွက် ရေတွင်းနဲ့ကပ်ရက်က မြေကြီးကို ခက်ခက်ခဲခဲ တူးပြီးတဲ့နောက် ကလေးငယ်ကို အသက်ရှင်ရက် ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up