ရေတွင်းထဲပြုတ်ကျခဲ့သည့် ၃ နှစ်အရွယ် ကလေးကို ကယ်တင်

April 5, 2016

ရေတွင်းထဲပြုတ်ကျခဲ့သည့် ၃ နှစ်အရွယ် ကလေးကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ၃ နှစ်အရွယ် ကလေးငယ်ကို မတ် ၃၁ ရက်က ရေတွင်းထဲကနေ အောင်မြင်မြင်နဲ့ ကယ်ထုတ်နိုင်ခဲ့တဲ့ ရုပ်သံကို သတင်းဌာနတွေက ဖော်ပြကြပါတယ်။ ရှန်ဒေါင်းခရိုင်က ၀ိန်ဖန်မြို့တော်မှာ ကစားနေရင်းနဲ့ ကလေးငယ်က ရေတွင်းထဲကို ပြုတ်ကျသွားတယ်လို့ စီစီတီဗွီသတင်းမှာ ရေးသားထားပါတယ်။ ရေတွင်းက ကျဉ်းမြောင်းလွန်းတာကြောင့် ကယ်ဆယ်ရေးသမားတွေ ဆင်းဆယ်ဖို့ အခက်တွေ့ခဲ့ကြသလို ရေတွင်းထဲကို အောက်ဆီဂျင်တွေ ပို့ဆောင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ရေတွင်းဘေးမှာ ကျင်းကြီးတခုကို တူးယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ကလေးရဲ့ခါးကို ကြိုးနဲ့ ချိတ်မိသွားပြီး ကလေးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီနောက် ကလေးကို ဆေးရုံတင်ပို့ခဲ့ရာမှာတော့ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ခြင်း မရှိဘဲ အခြေအနေ တည်တည်ငြိမ်ငြိမ်ရှိတယ်လို့ ဆိုပါတယ်။
6 years Ago
Up