ရေတံခွန်လား၊ တိမ်တိုက်လား

May 17, 2018

ရေတံခွန်လား၊ တိမ်တိုက်လား (ရုပ်သံ)

  လှပတဲ့ သဘာဝတရားရဲ့ မြင်ကွင်းတွေဟာ တခါတရံမှာ မထင်မှတ်ဘဲ ဆန်းကြယ်တဲ့ ပုံရိပ်တွေအဖြစ် ပြောင်းလဲတတ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တိမ်တိုက်တခုလား၊ ဒါမှမဟုတ် ရေတံခွန်လား ဆိုတာကို ရုတ်တရက် ကြည့်လိုက်ရုံနဲ့ ခွဲခြားမရနိုင်တဲ့ မြင်ကွင်းကို ရှုစားကြရမှာပါ။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျန်ရှီဒေသမှ လူတောင်တန်းပေါ်မှာ ဖြစ်ပေါ်နေခဲ့တာပါ။ တကယ်တမ်း သေသေချာချာ ကြည့်လိုက်မယ်ဆိုရင်တော့ ဒါဟာ ရေတံခွန်တခု စီးဆင်းနေတဲ့ ပုံစံလို ရွေ့လျားနေတဲ့ တိမ်တိုက်တွေသာ ဖြစ်တယ်ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီမြင်ကွင်းဟာ လှပလွန်းတာမို့ ကမ္ဘာလှည့်ခရီးသည်တွေဟာ တောင်စောင်းအထိ လာရောက်ပြီး ကြည့်ရှုလည်ပတ်မှုတွေ ပြုလုပ်နေကြပြီး နာမည်ကြီးနေခဲ့တယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
3 years Ago
Up