ရေဆိုးပိုက်

April 3, 2018

ရေဆိုးပိုက်အတွင်း ပြုတ်ကျပြီး ၁၂ နာရီကြာ ပိတ်မိနေသည့် လူငယ်တဦးကို ကယ်တင် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ ရေဆိုးပိုက်အတွင်း  ၁၂ နာရီကြာ ပိတ်မိနေတဲ့ လူငယ်လေးတဦးကို ဧပြီ ၂ ရက်နေ့က ကယ်တင်နိုင်ခဲ့ပါတယ်။ ဂျက်ဆီဟာနန်ဒက်ဇ်ဆိုသူ ၁၃ နှစ်အရွယ် လူငယ်လေးဟာ ဧပြီ ၁ ရက်နေ့က ဂရစ်ဖစ်ပါ့ခ်အတွင်းရှိ ရေဆိုးပိုက်အတွင်း ပြုတ်ကျပြီး ပျောက်ဆုံးသွားခဲ့တာပါ။ မီးသတ်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က “ရေနဲ့ သန့်ရှင်းရေးဗျူရို ဝန်ထမ်းတွေဟာ လူဆင်းပေါက်ကိုဖွင့်ပြီး ကင်မရာတပ်ကြည့်တဲ့အခါ ဂျက်ဆီဟာနန်ဒက်ဇ် အသက်ရှင်ပြီး စကားပြောနေတာ မြင်တွေ့ရပါတယ်။ သူ့ကိုဖုန်းပေးပြီး မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်ပေးတဲ့အခါ သူတို့လည်း ပျော်နေကြပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ၂၅ ပေအမြင့်ကနေ ရေဆိုးပိုက်အတွင်းကို ပြုတ်ကျခဲ့တာဖြစ်ပြီး ပျောက်ဆုံးခဲ့ရာ နေရာကနေ တမိုင်ခန့်အကွာမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up