ရေဆိုးမြောင်းထဲ စွန့်ပစ်ထားခဲ့သည့် မွေးကင်းစကလေးကို ကယ်တင်

January 13, 2016

ရေဆိုးမြောင်းထဲ စွန့်ပစ်ထားခဲ့သည့် မွေးကင်းစကလေးကို ကယ်တင် (ရုပ်သံ)

မွန်ဂိုလီးယားနိုင်ငံ၊ အော်ဒေါ့စ်မြို့မှာ ရေဆိုးမြောင်းထဲ စွန့်ပစ်ထားခံခဲ့ရတဲ့ မွေးကင်းစ ကလေးငယ်တဦးကို ရဲတွေက ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ကယ်တင်ခဲ့ကြပါတယ်။ အဲဒီ မွေးကင်းစကလေးငယ်ကို မိဘတွေက စွန့်ပစ်ထားခဲ့ကြတာဖြစ်ပြီး အနီးအနား အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ ရဲတွေက သူတို့ကို ရှာဖွေနေကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်မှာ ကလေးငယ်ဟာ သွေးတွေနဲ့ ပေကျံနေပြီး အအေးဒဏ်ကြောင့် တကိုယ်လုံး ပြာနှမ်းနေခဲ့တာပါ။ ကံကောင်းထောက်မစွာပဲ ကလေးငယ်မှာ သေစေလောက်တဲ့ ပြင်ပသွင်ပြင်လက္ခဏာ တခုမှ မတွေ့ရဘဲ ပုံမှန်အတိုင်း တခြား ကိုယ်တွင်းအင်္ဂါတွေလည်း အလုပ် လုပ်နေကြတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
7 years Ago
Up