ရေဆာနေသည့် အဆိပ်ပြင်းမြွေဟောက်ကြီးကို စွန့်စားရေတိုက်ခဲ့သည့် ကယ်ဆယ်ရေးလုပ်သားများ

March 30, 2017

ရေဆာနေသည့် အဆိပ်ပြင်းမြွေဟောက်ကြီးကို စွန့်စားရေတိုက်ခဲ့သည့် ကယ်ဆယ်ရေးလုပ်သားများ (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ရေဆာနေတဲ့ မြွေဟောက်ကြီးတကောင်ကို သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး လုပ်သားတွေက ရေဘူးတဘူးနဲ့ စွန့်စွန့်စားစား ရေတိုက်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကိုင်ဂါကျေးရွာမှာ ဖြစ်ခဲ့တာဖြစ်ပြီး အရှည် ၁၂ ပေရှိတဲ့ ဒီမြွေဟောက်ကြီးဟာ ရွာအနီးမှာ ရေကို ရှာဖွေနေခဲ့တာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ မတ်လ ၂၉ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကြောက်မက်ဖွယ် မြွေဟောက်ကြီးကို လုပ်သားတွေက ချိတ်ကောက်တွေ၊ တုတ်တွေ အသုံးပြုပြီး ရေဘူးကတဆင့် ရေတိုက်ခဲ့တာကို တွေ့ရပါတယ်။ မြွေဟောက်ကြီးဟာ လည်ပင်းကြွတက်လာပြီး ရေကို လက်ခံသောက်ခဲ့တာကို တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသ နေရာအတော်များများမှာ မိုးခေါင်ရေရှားမှုတွေဟာ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ရေပြတ်လပ်မှုတွေ ဖြစ်တတ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားဟာ မြွေကြီးကို ရေတိုက်ခဲ့ပြီးနောက်မှာ အေးစေဖို့ သူ့ရဲ့ ဦးခေါင်းကနေ ရေလောင်းချခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒီမြွေကြီးကို နောက်ပိုင်းမှာတော့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးဌာနဆီ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
5 years Ago
Up