ရေစီးနှင့်မျောသည့်ကား

April 29, 2019

ရေစီးနှင့်အတူ မျောပါနေသည့် ကားပေါ်ပါ မိသားစုကို သက်စွန့်ကြိုးပမ်း ကယ်ဆယ် (ရုပ်သံ)

ရေစီးနဲ့အတူ မျောပါနေတဲ့ ကားပေါ်က မိသားစုတစုကို ကယ်တင်ခဲ့တဲ့ တုန်လှုပ်ဖွယ်ဖြစ်ရပ် တခုကို ဘေးနားမှာ ရှိနေသူတဦးက အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒီ ဗွီဒီယိုကို ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်က လူမှုကွန်ရက်ပေါ် ပြန်လည်မျှဝေခဲ့ပါတယ်။ ဒီ ဗွီဒီယိုဖိုင်ထဲမှာ ရေထဲ မြုပ်တလှည့် ပေါ်တလှည့် ဖြစ်နေတဲ့ အဖြူရောင်ကားတစီးကို မြင်တွေ့ခဲ့ရပြီး အရေးပေါ် ကယ်ဆယ်ရေးသမားတွေ၊ အရပ်သားတွေ ပါဝင်တဲ့ လူအုပ်ကြီးက ကြိုးတချောင်း အသုံးပြုကာ ရေစီးကိုဖြတ်ကျော်ပြီး ကားပေါ်မှာ ပိတ်မိနေတဲ့ မိသားစုထံ ရောက်ရှိဖို့ ကြိုးစားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို ဘေးက လူပေါင်းများစွာကလည်း ရပ်ကြည့်နေခဲ့ပြီး နောက်ဆုံးမှာတော့ ကားပေါ်မှာ ပိတ်မိနေသူ တဦးချင်းစီကို ကယ်ဆယ်ရေးသမားတွေက လေကာမှန်ကနေတဆင့် ဆွဲထုတ်ကယ်ဆယ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ရေထဲမျောလာတဲ့ ကားပေါ်မှာ မိသားစုဝင်လေးဦး လိုက်ပါလာတာလို့လည်း ဒီဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။ နောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီဖြစ်ရပ်ဟာ ယူအေအီးနိုင်ငံ အနောက်မြောက်ပိုင်း ဂျီဘယ်လ်ဂျစ်ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရာကတဆင့် ကားတစီးလုံး ရေစီးနဲ့အတူ မျောပါခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up