အမေရိကန်ပြည်ထောင်စု အလားစကားက အမျိုးသား ဥယျာဉ်မှာရှိတဲ့ ရေတံခွန်မှာ ရေစီးကြောင်းနောက်ကို မျောပါသွားတဲ့ ၀က်ဝံတွေကို မိခင်က လိုက်လံကယ်ဆယ်ခဲ့ပါတယ်။
ဝက်ဝံငယ် ၃ ကောင် ရေတံခွန်ထဲကို ဆင်းရာမှာ ရေစီးပြင်းလို့ ရေစီးနောက် မျောပါသွားတာကို မိခင် ၀က်ဝံမကြီးက လိုက်လံ ကယ်ဆယ်တာကို ရုပ်သံနဲ့ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
သြဂုတ် ၁၅ ရက်နေ့က တင်ထားတဲ့ ယူကျု့ရုပ်သံဖိုင်ထဲမှာ ရေတံခွန်အနီးနားကနေ စောင့်ကြည့်နေတဲ့ မိခင်ဝက်ဝံမက ရေထဲကို အလျင်အမြန်ခုန်ဆင်းပြီး ရေစီးကြောင်းနောက် မျောပါသွားတဲ့ ရင်သွေးငယ်တွေကို တကောင်ပြီးတကောင် ကယ်ဆယ်ခဲ့တာ တွေ့ရပါတယ်။
တရိစ္ဆာန် ဖြစ်ပေမယ့်လည်း ရင်သွေးနဲ့ ပတ်သက်ရင် ကြီးမားတဲ့ မိခင် မေတ္တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
5 years Ago