ရေစီးထဲက အမျိုးသားတဦး

May 26, 2019

ရေစီးထဲက အမျိုးသားတဦးကို သက်စွန့်ကြိုးပမ်းကယ်ဆယ်ခဲ့သည့် မီးသတ်သမားများ

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်က မီးသတ်သမားတွေက ရေစီးနဲ့အတူမြောပါလာတဲ့ အမျိုးသားတဦးကို မေ ၂၁ ရက်မှာ သက်စွန့်ကြိုးပမ်း ကယ်ဆယ်ခဲ့ရပါတယ်။ ဒီအမျိုးသားဟာ ကားနဲ့အတူ ရေစီးထဲ မျောပါလာခဲ့သူဖြစ်ပါတယ်။ အခင်းဖြစ်ရာ ဘရုတ်ကမ်း အဲရိုးအရှေ့မြောက်ပိုင်းကို မီးသတ်သမားတွေ ရောက်မလာခင် ဒီအမျိုးသားဟာ ခြံစည်းရိုးတန်းတခုကို ၅ နာရီကြာ ဆွဲခိုထားခဲ့ရတယ်လို့လည်း ဘရုတ်ကမ်းအဲရိုး မီးသတ်ဌာနက ပြောပါတယ်။ အဲဒီနောက်မှာတော့ မီးသတ်သမားတွေဟာ ဒီအမျိုးသားဆီကို ကြိုးနဲ့ ရေပေါ်ပေါ်တဲ့ ရေကူးကိရိယာကို ပစ်ပေးခဲ့ရကြောင်း၊ နောက်ပိုင်းမှာတော့ မီးသတ်သမားတွေ ကိုယ်တိုင် ဒီအမျိုးသားဆီ သွားရောက်ကယ်ဆယ်ခဲ့ရကြောင်း သိရပါတယ်။ အဲဒီနောက်မှာတော့ ဒီအမျိုးသားကိုဆေးရုံ ခေါ်ဆောင်သွားခဲ့ကာ အခြေအနေကောင်းမွန်နေကြောင်း မီးသတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
3 years Ago
Up