ဒိန်းမတ်တီထွင်သူရဲ့ ရေငုပ်သင်္ဘောပ်ါမှာ လျှို့ဝှက်ဆန်းကြယ် သေဆုံးခဲ့ရတဲ့ ဆွီဒင် အမျိုးသမီးသတင်းထောက်ရဲ့ ဦးခေါင်းနဲ့၊ ခြေထောက်တွေကို အောက်တိုဘာလ ၆ ရက်နေ့က ရေငုပ်သမားတွေက တွေ့ရှိခဲ့တယ်လို့ ဒိန်းမတ်ရဲတွေက ပြောလိုက်ပါတယ်။
ဆွီဒင်အမျိုးသမီး သတင်းထောက် ကင်ဝေါရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သြဂုတ်လတုန်းက အဝတ်အစားမပါ ဒဏ်ရာတွေရနေတဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကို တွေ့ခဲ့တဲ့နေရာနားမှာပဲ တွေ့ခဲ့တာလို့ ကိုပင်ဟေဂင် ရဲစုံစမ်းထောက်လှမ်းရေး ဂျန်စ်မိုလာဂျန်ဆန်က အောက်တိုဘာလ ၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ပလတ်စတစ်အိတ်ထဲမှာ မစ္စဝေါရဲ့ အဝတ်အစားအချို့နဲ့ ဓားတချောင်းကိုပါ တွေ့ခဲ့တာလို့ Koge Bay မြို့ ရေတပ်မှ ရေငုပ်သမားတွေနဲ့ လက်ထောက်ရဲတွေက ပြောပါတယ်။
သတင်းထောက်ရဲ့ ဦးခေါင်းခွံကို ခွဲထားခြင်းမရှိပဲ ဘာကြောင့်သေလဲဆိုတာကို ဆုံးဖြတ်ဖို့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း နောက်ထပ်စုံစမ်းမှုတွေ လုပ်မယ်လို့ ထောက်လှမ်းရေး မစ္စတာမိုလာဂျန်ဆန်က သတင်းထောက်တွေကို ပြောပါတယ်။
မစ္စဝေါရဲ့ ဦးခေါင်းနဲ့ ခြေထောက်တွေကို တွေ့ရှိတာက ၅၆ ပေအရှည်ရှိတဲ့ ရေငုပ်သင်္ဘောခရီးစဉ်နဲ့ ပါသွားကာ ပျောက်ဆုံးနေပြီး ၂ လ ကြာချိန်မှာ တွေ့ခဲ့တာဖြစ်ပြီး သူမရဲ့ လက်တွေကတော့ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။
ရေငုပ်သင်္ဘောတီထွင်သူ ဒိန်းမတ်လူမျိုး ပီတာမက်ဆန်ကိုတော့ရဲတွေက မစ္စဝေါကို သတ်မှုအတွက် ထောင်ဒဏ် ၅ နှစ်ကနေ တသက်တကျွန်းအထိ ချမှတ်နိုင်တဲ့ တရားစွဲခဲ့တယ်လို့ ဆိုပါတယ်။
မက်ဆန်နဲ့ သူ့ရဲ့ရှေ့နေဖြစ်သူက ခုရရှိတဲ့ သက်သေအသစ်အတွက် ဘာမှ တုံ့ပြန်ခြင်းမရှိဘူးလို့ မစ္စတာမိုလာဂျန်ဆန်က ပြောပါတယ်။
မက်ဆန်ရဲ့ စမ်းသပ်ခန်းအတွင်းက ကွန်ပျူတာ ဟာ့ဒ်ဒရိုက်ဖ်ထဲမှာလည်း လူပုံအစစ်တွေလို့ ယူဆရတဲ့ အမျိုးသမီးတွေကို ဦးခေါင်းဖြတ်ပြီး ခန္ဓာကိုယ် ခုတ်ပိုင်းထားတဲ့ ပုံတွေ ရဲအရာရှိတွေက တွေ့ရှိတယ်လို့ တရားစွဲဆိုတဲ့ ရဲက ပြောပါတယ်။
မက်ဆန်ကတော့ ရဲတွေ ရှာဖွေတဲ့ ကွန်ပျူတာက သူ့ကွန်ပျူတာမဟုတ်ပဲ စမ်းသပ်ခန်းအတွင်း လူတိုင်း အသုံးပြုနေတဲ့ ကွန်ပျူတာလို့ ပြန်လည်ငြင်းဆိုထားပါတယ်။
မစ္စဝေါသေဆုံးမှုကလည်း ဒိန်းမတ်နဲ့ဆွီဒင်အကြား ရေငုပ်သင်္ဘောသွားနေစဉ် သင်္ဘောကို ဖုံးတဲ့ လေးလံတဲ့ တံခါးပေါက်တခုနဲ့ ထိမိပြီး မတော်တဆ သေဆုံးတာလို့ ယူစီ ၃ နောတီလက်စ် ရေငုတ်သဘောင်္ကို တီထွင်သူ မက်ဆန်က တရားရုံးမှာ အခိုင်အမာ ပြောကြားထားပါတယ်။
4 years Ago