ရေချိုလိပ်

A d v e r t i s e m e n t With Us

June 26, 2019

မလေးရှားတွင် မှောင်ခိုသွင်းလာသည့် ရေချိုလိပ်ကောင်ရေ ၅,၀၀၀ ကျော် ဖမ်းမိ

ပြီးခဲ့တဲ့သီတင်းပတ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ မှောင်ခိုသွင်းလာတဲ့ ရေချိုလိပ်ကောင်ရေ ၅,၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ အာဏာပိုင်တွေက ဇွန်လ ၂၆ ရက်နေ့မှာ ပြောပါတယ်။ အိန္ဒိယနိုင်ငံသား နှစ်ယောက်ဟာ သူတို့ရဲ့ခရီးဆောင်အိတ်ထဲ ခြင်းတွေနဲ့ ရေချိုလိပ်ကောင်ရေ ၅,၂၅၅ ကောင်ကို ထည့်ယူလာတယ်လို့ အကောက်ခွန်ဌာန တာဝန်ရှိသူက မီဒီယာတွေကို ပြောပါတယ်။ သူတို့ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကွမ်ကျိုးမြို့ကနေ ကွာလာလမ်ပူလေဆိပ်ကို ဇွန်လ ၂၀ ရက်နေ့မှာ ရောက်ရှိလာခဲ့တာပါ။ သူတို့ကို ထိန်းသိမ်းထားပြီး စွဲချက်တင်သွားမယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ ရေချိုလိပ်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁၂,၇၀၀ ရှိတယ်လို့လည်း အကောက်ခွန် တာဝန်ရှိပုဂ္ဂိလ်က ပြောပါတယ်။ အခုဖမ်းဆီးရမိတဲ့ ရေချိုလိပ်တွေဟာ အိမ်မွေးတိရစ္ဆာန် ရောင်းဝယ်ရေးမှာ လူကြိုက်အများဆုံးဖြစ်ပြီး သူတို့ကို နေရာအများအပြား ပြောင်းရွှေ့ကျက်စားတဲ့ လိပ်မျိုးစိတ်အဖြစ် သတ်မှတ်ထားတယ်လို့ နိုင်ငံတကာ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် တောရိုင်းတိရစ္ဆာန်တွေကို တခြား အာရှနိုင်ငံတွေဆီ ရောင်းချရာမှာ မလေးရှားဟာ အဓိက ကြားခံနေရာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up