တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲက ဒေသမှာ အမျိုးသမီးငယ်တဦးဟာ ရေခဲမြစ်ထဲခုန်ချသေကြောင်းကြံခဲ့တာကို ရဲတွေက ကယ်တင်ခဲ့ကြပါတယ်။
အသက် ၂၀ အရွယ်အဲဒီအမျိုးသမီးငယ်ဟာ ရေခဲမြစ်ထဲခုန်ချသေကြောင်းကြံဖို့ ကြိုးစားနေချိန်မှာ ရဲတွေက လာရောက်ကယ်တင်နိုင်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဒီဇင် ဘာလ ၈ ရက်နေ့က ဖော်ပြပါတယ်။
ဆောင်းရာသီမှာ ရေခဲတွေဟာ ထိုးခွဲဖို့ထူလွန်းတာကြောင့် သူ့အနေနဲ့ ခုလို သေ ကြောင်းကြံဖို့ ဘာကြောင့် ခက်ခက်ခဲခဲကြိုးစားခဲ့သလဲ ဆိုတာကို သတင်းမှာ မေးခွန်း ထုတ်လိုက်တာပါ။
ရဲတွေဟာ သူ့ကိုတွေ့တွေ့ချင်း အချိန်မီကယ်တင်ဖို့ ပြေးသွားခဲ့ချိန်မှာ သူကတခြား လမ်းကြောင်းပြောင်းပြီး ရေခဲထုပါးတဲ့ဘက်ကို ပြေးခဲ့လို့ ရေခဲမြစ်ထဲကို ကျသွားခဲ့တာပါ။
ဒါပေမယ့် ကံကောင်းထောက်မစွာပဲ ရဲတွေက အလျင်အမြန်ပြေးသွားခဲ့ကာ သူ့ကို ကယ်တင်နိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
ရုပ်သံ - စီစီတီဗွီ
7 years Ago