ရေခဲမြစ်ထဲထိုးကျသည့် ကားတစီးပေါ်ပါ မိသားစုကို ရဲများ အရေးပေါ်ကယ်တင်

November 3, 2015

ရေခဲမြစ်ထဲထိုးကျသည့် ကားတစီးပေါ်ပါ မိသားစုကို ရဲများ အရေးပေါ်ကယ်တင် (ရုပ်သံ)

ကလေးငယ်တဦး အပါအ၀င် မိသားစု ၅ ဦး ပါဝင်တဲ့ ကားတစီးဟာ တရုတ်နိုင်ငံ၊ ဟဘေးခရိုင်၊ ဟွမ်းယူမြို့က ရေခဲမှတ်ထိ ကျဆင်းနေတဲ့ မြစ်တစင်းထဲကို ထိုးကျသွားခဲ့တဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ကယ်တင်ခဲ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ထဲက ရဲအရာရှိတဦးဟာ အခင်းဖြစ်တဲ့နေရာကို ရောက်ရှိချိန်မှာ မြစ်ထဲကို ခုန်ဆင်းပြီး အသက်ကယ်ဘောကွင်းတွေ အသုံးပြုကာ အဲဒီမိသားစုကို ကယ်တင်ခဲ့တာဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ နိုဝင်ဘာ ၂ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီလမ်းဟာ လမ်းလွှဲဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ကလေးငယ်ရဲ့ဖခင် ယာဉ်မောင်းဖြစ်သူက ပြောပါတယ်။ ဆိုးဝါးတဲ့ လမ်းအခြေအနေနဲ့ မီးအလင်းရောင် ကောင်းကောင်းမရရှိတာမို့ ၄ မီတာအနက်ရှိတဲ့ မြစ်ထဲကို အရှိန်မထိန်းနိုင်ဘဲ ထိုးကျခဲ့တာပါ။
6 years Ago
Up