ရေခဲပြင်အောက်က လက်ဆောင်များကို ပိုလာဝက်ဝံများ တူးဖော် (ရုပ်သံ)

December 19, 2015

ရေခဲပြင်အောက်က လက်ဆောင်များကို ပိုလာဝက်ဝံများ တူးဖော် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ဆန်တီယာဂို တရိစ္ဆာန် ဥယျာဉ်က ပိုလာ ၀က်ဝံတွေ အတွက် ခရစ္စမတ်လက်ဆောင်တွေကို ရေခဲပြင်ထဲမှာ ထည့်သွင်းထားပေးပါတယ်။ ဒီဇင်ဘာ ၁၈ ရက် မနက်စောစောမှာ တရိစ္ဆာန်ရုံထဲက ၀က်ဝံ ၃ ကောင်က သူတို့အတွက် ဖန်တီးပေးထားတဲ့ ရေခဲပြင်မှာ လူးလိမ့် တူးဖော်နေကြပါတယ်။ ဒီနှင်းပြင်အောက်မှာ သူတို့အတွက် မတူညီတဲ့ လက်ဆောင်တွေ ထားထားပေးသလို တကယ်လို့ သူတို့ နည်းနည်းထပ်တူးမယ်ဆိုရင်တော့ ဒီအရာတွေကို တွေ့မယ်လို့ ဆန်တီယာဂို ဥယျာဉ်ရဲ့ အဆင့်မြင့်အရာရှိက ပြောပါတယ်။ ပိုလာဝက်ဝံတွေဟာ ရာသီဥတုအပြောင်းအလဲကြောင့် မျိုးတုံးပျောက်ကွယ်မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ထိန်းသိမ်းဖို့ကြိုးစားတဲ့လုပ်ရပ်နဲ့ သုတေသနလုပ်ငန်းတွေအတွက် ဒီဥယျာဉ်က ဧည့်သည်တွေကို ပညာပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
6 years Ago
Up