ရေခဲပြင်ဟော်ကီ

March 7, 2017

၈ နှစ်သားကလေးငယ်၏ ရေခဲပြင်ဟော်ကီ ဟစ်ပ်ဟော့ပ်အက ရေပန်းစား (ရုပ်သံ)

ကနေဒါနိုင်ငံမှ အသက် ၈ နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်တဦးရဲ့ ရေခဲပြင်ပေါ်မှ ဟော်ကီဟစ်ပ်ဟော့ပ်အက ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ နိုရာယန်းဟာ တိုရွန်တိုမြို့အနီး ဘရန်ပတန်ဘိစ်တ် ဟော်ကီအသင်းမှာ ကစားနေတဲ့ ကလေးငယ်တဦးဖြစ်ပြီး သူ့ရဲ့ ဒီအကရုပ်သံ ဗွီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ကာ မထင်မှတ်ဘဲ ကြည့်ရှုသူအများကြီးနဲ့ လူသိများလာခဲ့တယ်လို့ မိခင်ဖြစ်သူ ပိုင့်ဂ်ျ ရိုးစ်ဝဲလ်က ပြောပါတယ်။ ကလေးငယ် နိုရာယန်းဟာ အဆိုတော် Zay Hilfigerrr နဲ့ Zayion McCall တို့ သီဆိုထားကြတဲ့ Juju On That Beat သီချင်းနဲ့ စည်းချက်ညီညီ ကခုန်ပြခဲ့တာကို တွေ့ရမှာပါ။ ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုတွေနဲ့ ဒီအကရုပ်သံဗွီဒီယိုဖိုင်ဟာ တနေ့တည်းမှာတင် ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိခဲ့တာပါ။ ဒေသတွင်းက တခြားနာမည်ကြီး ဟော်ကီအသင်းတွေကလည်း သူ့ကို မျက်စိကျလာကြပြီး မကြာခင်ကာလမှာပဲ နိုရာဟာ သူတို့နဲ့ ပူးပေါင်းကစားမှုတွေ လုပ်လာနိုင်လိမ့်မယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ သူ့ရဲ့အောင်မြင်မှုဟာ မိသားစုတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ရှော့ခ်ရသွားစေခဲ့တာပါ။ ဒါပေမယ့် မိခင်ဖြစ်သူကတော့ နိုရာဟာ ခုလို ကခုန်တယ်ဆိုတာလည်း ရိုးရှင်းမှုနဲ့ နေထိုင်တာဖြစ်ပြီး စတားတယောက်ရဲ့ နေထိုင်မှုပုံစံမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
5 years Ago
Up