ရေခဲပြင်ပေါ်

January 27, 2017

ရေခဲပြင်ပေါ် ဘီးတဘီးပါယာဉ်များဖြင့် စွန့်စား ဟော်ကီကစားကြသူများ (ဓာတ်ပုံ)

ရေခဲပြင်ပေါ်မှာ ဟော်ကီကစားတာဟာ သာမန်အခြေအနေမှာတောင် မလွယ်ကူလှပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံမှ ဟော်ကီကစားသမားတစုကတော့ ရေခဲပြင်ပေါ်မှာ ဘီးတဘီးတည်းပါတဲ့ ယာဉ်တွေနဲ့ စွန့်စား ဟော်ကီကစားပြနိုင်ဖို့ တီထွင်ခဲ့ကြတာပါ။ တရုတ်နိုင်ငံ၊ ဟေလိုဂျီအန်းခရိုင်၊ ဟဘင်းမြို့မှ ကစားသမားဦးရေ ၂၀၀ နီးပါးပါဝင်တဲ့ ဟော်ကီသမားအုပ်စုဟာ ရေခဲပြင်ပေါ်မှာ ဘီးတဘီးပါယာဉ်တွေနဲ့ စွန့်စားကစားပြခဲ့ကြတာပါ။ ဒါဟာ လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျရောက်မယ့် တရုတ်မီးပုံးပွဲတော် အထိမ်းအမှတ် သရုပ်ပြခဲ့ကြတာဖြစ်တယ်လို့ စီဂျီတီအဲန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
5 years Ago
Up