ရေခဲပြင်တွင်း ကျွံကျခဲ့သည့် အမျိုးသားကို ခက်ခက်ခဲခဲကယ်တင်

December 28, 2016

ရေခဲပြင်တွင်း ကျွံကျခဲ့သည့် အမျိုးသားကို ခက်ခက်ခဲခဲကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှာ အမျိုးသားတဦးဟာ ရေခဲပြင်တွင်းကို ကျွံကျခဲ့တဲ့အတွက် အနီးနား မျက်မြင်တွေ့ရှိတဲ့ တခြားအမျိုးသား ၂ ဦးက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့က တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ လျောင်နင်းခရိုင်၊ ရှန့်ယန်းမြို့မှာဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါအမျိုးသားဟာ ရေခဲတွေဖုံးလွှမ်းနေတဲ့ ဟန်ဟဲမြစ်ကို ဖြတ်သန်းချိန်မှာ ရေခဲပြင်အပေါက်တခုတွင်း ကျွံကျခဲ့တာပါ။ သူ့ရဲ့ အော်ဟစ်အကူအညီတောင်းသံကြောင့် အနီးနား မျက်မြင်တွေ့ရှိတဲ့ အမျိုးသား ၂ ဦးဟာ အပြေးအလွှားသွားရောက်ပြီး အကူအညီပေးခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ရေခဲပြင်ထဲ ကျွံနေခဲ့တဲ့ အမျိုးသားကို ကမ်းပေါ် ဆွဲယူတက်နိုင်ဖို့ တုတ်ချောင်းတချောင်းကို ကမ်းပေးပြီး ခက်ခက်ခဲခဲ ကယ်တင်ခဲ့ကြရတာပါ။ မြင့်တက်လာတဲ့ အပူရှိန်ကြောင့် ရေခဲပြင်တွေဟာ တဖြည်းဖြည်းပြိုဆင်းလာနေခဲ့တာဖြစ်ပြီး အဲဒီနေ့ကတော့ အပူချိန် ၂၁ ဒီဂရီ စင်တီဂရိတ် ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up