ရေခဲပြင်

A d v e r t i s e m e n t With Us

May 24, 2019

ချီလီရှိ ကြီးမားသည့် ရေခဲပြင်ကြီး နှစ်ပိုင်းကွဲ၊ ရာသီဥတုကြောင့် ရေခဲထု ဆက်လက်ကွဲထွက်နိုင်

ချီလီနိုင်ငံတောင်ပိုင်းက ကြီးမားတဲ့ တောင်ပိုင်းပန်တာဂိုနီယား ရေခဲပြင်ဟာ နှစ်ပိုင်းကွဲသွားခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဆက်ပြီးတော့လည်း ရေခဲထုတွေ ကွဲထွက်နိုင်တယ်လို့ ချီလီသိပ္ပံပညာရှင်တွေက ပြောပါတယ်။ ချီလီနိုင်ငံနဲ့ အာဂျင်တီးနားနိုင်ငံကြားက အင်ဒီးစ်တောင်တန်းဒေသမှာ တည်ရှိတဲ့ အဲဒီ ရေခဲပြင်ကြီးဟာ စတုရန်းမိုင် ၄,၆၃၃ အရွယ်အစားရှိပြီး အန္တာတိကတိုက်ကလွဲရင် အီကွေတာ တောင်ဘက်ခြမ်းရဲ့ အကြီးဆုံး ရေခဲပြင်ပါ။ အက်ကွဲကြောင်းတခု ပေါ်လာပြီးနောက် အဲဒီရေခဲပြင်ကြီးကနေ စတုရန်းမိုင် ၈၀ ရှိတဲ့ ရေခဲထုတခု ကွဲထွက်သွားခဲ့တယ်လို့ ချီလီ ပြည်သူ့ရေးရာလုပ်ငန်း ဝန်ကြီးဌာနရဲ့ ရေခဲမြစ်နဲ့ ဆီးနှင်းဆိုင်ရာ အကြီးအကဲ သိပ္ပံပညာရှင် ဒီနို ကာဆာဆာက ပြောပါတယ်။ တောင်ပိုင်း ပန်တာဂိုနီယား ရေခဲပြင်ဟာ အောက်ဘက်အစွန်းပိုင်းနဲ့ အပေါ်ဘက်တွေဟာလည်း တဖြည်းဖြည်း အရေပျော်နေပြီး ဒါဟာ ရာသီဥတု ပြောင်းလဲမှုကြောင့်လို့ သူက ဆက်ပြောပါတယ်။ အဲဒီရေခဲပြင်ပေါ်မှာ အက်ကွဲကြောင်း စပေါ်လာတာကို မတ်လက စတင်တွေ့ရှိခဲ့ပေမယ့် ချီလီသိပ္ပံပညာရှင်တွေဟာ မကြာသေးခင်ကမှ လူသိရှင်ကြား ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up