ရေခဲနေတဲ့ ဥရောပ အကြီးဆုံးရေကန်ကြီးပေါ် လှပျိုဖြူရဲ့ စကိတ်စီးဟန် (ရုပ်သံ)

February 12, 2017

ရေခဲနေတဲ့ ဥရောပ အကြီးဆုံးရေကန်ကြီးပေါ် လှပျိုဖြူရဲ့ စကိတ်စီးဟန် (ရုပ်သံ)

ဥရောပရဲ့အကြီးဆုံး ရေခဲနေတဲ့ကန်ကြီးပေါ်မှာ စကိတ်စီးသမားက သူမရဲ့ ရေခဲပြင်စကိတ်စီးတဲ့ စွမ်းရည်ကို လှလှပပကြီး ပုံဖော်သွားတာကို မေရာရဲ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ရေခဲပြင်စကိတ်စီးသရုပ်ပြသူ လူပျိုဖြူ စင်တီရာရဲ့ စကိတ်စီးသရုပ်ပြ ရုပ်သံတိုလေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကြည့်ရှုသူ ရှစ်သောင်းနီးပါးရှိနေတယ်လို့လည်း သိရပါတယ်။ ဥရောပ ဟန်ဂေရီနိုင်ငံရှိ ရေခဲနေတဲ့ ဘယ်လတန်ရေကန်ကြီးက ၅၄ စက္ကန့်ကြာရှည်လျားတဲ့ ရုပ်သံအတွက် အပြည့်စုံအကောင်းမွန်ဆုံး စင်မြင့်တစ်ခုပါပဲ၊ နွေရာသီမှာ ဒီရေကန်ကြီးက ဒေသရဲ့နာမည်ကျော် အားလပ်ရက်နားနေရာတွေထဲက တစ်ခုပါ ဒါပေမဲ့ ဒီအချိန်မှာတော့ ညအချိန်မှာ အပူချိန် အနုတ် ၅ ဒီဂရီစဲလ်ဆီးရက်စ်ထိ အေးနေတဲ့ ရေခဲပြင်ကြီးဖြစ်နေတာပါ။ ရှိုင်းအာ့တ်စတူဒီယိုက ထုတ်လွှင့်တဲ့ ဒီရုပ်သံတိုကို လူမှုကွန်ရက်ပေါ်မှာ မျှဝေနေကြတာ အကြိမ် ၈၀၀ ရှိနေပါပြီ။ ရုပ်သံထုတ်လွှင့်တဲ့အဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်တဲ့ ဘိုင်ရန်ကာဖန်နက်စီက “ကျနော်တို့ မိုးသောက်ချိန်/အရုဏ်တက်လောက်ကတည်းက ရိုက်ကူးရေးစတာ။ ဒါပေမယ့် ရေခဲပြင်ပေါ်မှာ လူတွေက အများကြီး ရောက်နေပြီ။ နောက်တော့ မြူတွေကျလာတယ်၊ ဒါပေမယ့် ကျနော်တို့အတွက်တော့ ကိစ္စမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က ထုတ်လွှင့်ဖို့ အစီအစဉ်ချထားတော့ အစစ အဆင်ပြေပါတယ်”လို့ ပြောပါတယ်။
4 years Ago
Up