တရုတ်နိုင်ငံမြောက်ပိုင်းမှာ နှစ်စဉ် ကျင်းပနေကျ ဟာဘင်နိုင်ငံတကာ ရေခဲနဲ့ နှင်းပွဲတော်ရဲ့ အစိတ်အပိုင်းအနေနဲ့ ရေခဲပန်းပုထုပြိုင်ပွဲကို ကမ္ဘာတလွှားက ပညာရှင်အဖွဲ့ ၃၀ ဝင်ရောက် ယှဉ်ပြိုင်ဆင်နွှဲနေပါတယ်။
ဇန်န၀ါရီ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ပြိုင်ပွဲဟာ တရုတ်၊ ရုရှား၊ အီတလီနဲ့ မွန်ဂိုလီးယားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံက ယှဉ်ပြိုင်သူ အယောက် ၆၀ ကို ဆွဲဆောင်ထားပါတယ်။
စပိန်ရေခဲပန်းပုပညာရှင်က ဟာဘင်ကို ၃ ကြိမ် လာရောက်လည်ပတ်ဖူးပြီး ဒီနှစ်က အပူချိန်ပိုမြင့်ပေမယ့် သူ့ပန်းပု အမျိုးအစားအတွက် အဆင်ပြေတယ်လို့ ပြောပါတယ်။
၃၂ ကြိမ်မြောက် နိုင်ငံတကာ ရေခဲနဲ့ နှင်းပွဲတော်ကို တရုတ်အမျိုးသားခရီးသွားလုပ်ငန်း အုပ်ချုပ်ရေးဌာနနဲ့ ဒေသခံအစိုးရတို့ ပူးပေါင်းစီစဉ်တာပါ။
ပြိုင်ပွဲရဲ့ ဆောင်ပုဒ်ကို ရေခဲနဲ့ နှင်းသရဖူထဲက ပုလဲလို့ နာမည်ပေးထားပါတယ်။
7 years Ago