ရေခဲပန်းပုပွဲတော်

February 6, 2018

ဂျပန် ဆပ်ပိုရို ရေခဲပန်းပုပွဲတော် ဖွင့်လှစ်၊ လူ ၂ သန်းခန့်လာမည်ဟု မျှော်မှန်း (ရုပ်သံ)

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းမှာ နှစ်စဉ်ကျင်းပမြဲ ဆပ်ပိုရို ရေခဲပန်းပုပွဲတော်ကို ဖေဖော်ဝါရီ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီရေခဲပန်းပုပွဲတော်မှာ အထင်ကရနေရာတွေ၊ အန်နီမေးရှင်း ဇာတ်ကောင်တွေနဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေကို ပုံတူ ထုလုပ်ထားတာ မြင်တွေ့ရပါတယ်။ ဒီပွဲတော်ကို ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ကာတွန်းဆရာ အိုဆာမူ တာဆူကာရဲ့ အသက် ၉၀ ပြည့်မွေးနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်တာပါ။ ပွဲတော်မှာ ကာတွန်းဆရာရဲ့  ဇာတ်ကောင်တွေ ဖြစ်ကြတဲ့ အက်စ်ရိုဘွိုင်းနဲ့ ဘလက်ဂျက်ခ် တို့ရဲ့ ပုံတူ ရေခဲပန်းပုတွေကို ထုလုပ်ခဲ့ပါတယ်။ အဲဒီ ၆၉ ကြိမ်မြောက် ဆပ်ပိုရို ရေခဲပန်းပုပွဲတော်ကို ဧည့်ပရိသတ် ၂ သန်းကျေ် လာရောက်မယ်လို့ မျော်မှန်းထားပြီး ရေခဲပန်းပု ၂၀၀ ကျော်ကို ခင်းကျင်း ပြသသွားမှာပါ။ ရေခဲပန်းပုပွဲတော်ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ ပြသသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up