ရေခဲတင်ကား အရှိန်လွန်တိမ်းမှောက်

January 29, 2016

ရေခဲတင်ကား အရှိန်လွန်တိမ်းမှောက် (ဓာတ်ပုံ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကန်ဖျားလမ်းမကြီး ILBC ကျောင်းရှေ့ ပိတောက်ပင် လမ်းဆုံအနီးမှာ ဇန်န၀ါရီလ ၂၉ ရက်နေ့ မနက် ၅ နာရီခွဲလောက်က ရေခဲတုံး တင်ဆောင်လာတဲ့ HIJET ကားတစီး အရှိန်လွန်တိမ်းမှောက်ခဲ့ပါတယ်။ ယာဉ်တိမ်မှောက်မှုဖြစ်ပွားခဲ့တဲ့ ယာဉ်မောင်း သက်နိုင်ဦးကို မြိတ်မြို့မှ နာရေးကယ်ဆယ်မှု အသင်းတွေနဲ့ မီးသတ်ဦးစီးဌာနတို့က အရေးပေါ် သွားရောက်ကယ်ဆယ်ပေးခဲ့တယ်လို့ ၀ဋံသက နာရေးအသင်းမှ ဦးခင်ဇော်က ပြောပါတယ်။ ယာဉ်မောင်း သက်နိုင်ဦးဟာ လက်ရှိမှာ ထိခိုက်ဒဏ်ရာအနည်းငယ်ရထားပြီး မြိတ်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသခံနေကြောင်း သိရပါတယ်။ သတင်း -  ကိုမြတ်ထွဋ်  
6 years Ago
Up