ရေကူးဝတ်စုံများဖြင့် အလှချင်းပြိုင်နေကြသည့် မယ်စကြာဝဠာပြိုင်ပွဲဝင်များ

January 18, 2017

ရေကူးဝတ်စုံများဖြင့် အလှချင်းပြိုင်နေကြသည့် မယ်စကြာဝဠာပြိုင်ပွဲဝင်များ (ရုပ်သံ)

နိုင်ငံအသီးသီးမှ မယ်စကြာဝဠာ ၂၀၁၆ ပြိုင်ပွဲဝင်အလှမယ် ၈၆ ယောက်ဟာ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေကြပြီး သူတို့ရဲ့ အလှတရားတွေကို ရေကူးဝတ်စုံတွေ အသီးသီးဝတ်ဆင်ကာ ဖော်ထုတ်ပြသခဲ့ကြပါတယ်။ ဒီပွဲကို ဇန်နဝါရီ ၁၇ ရက်နေ့က JPark Island Rssort နဲ့ Waterpark မှာ ကျင်းပခဲ့တာပါ။ ဒါဟာ ဖိုင်နယ်ပြိုင်ပွဲမတိုင်ခင်မှာ ရေကူးဝတ်စုံနဲ့ ကနဦးယှဉ်ပြိုင်ပြသကြတာဖြစ်ပြီး ဒိုင်တွေရဲ့ အကဲဖြတ်မှုနဲ့ အဆုံးအဖြတ်ကိုတော့ လာမယ့် ဇန်နဝါရီ ၂၆ ရက်နေ့ ကျင်းပမယ့်ပွဲမှာ သိရမယ်လို့ ဆိုပါတယ်။ အခုနှစ်ယှဉ်ပြိုင်တဲ့ မယ်စကြာဝဠာပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ထက်ထက်ထွန်း သွားရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
5 years Ago
Up