ရေကူးချန်ပီယံအဖိုးအို

February 15, 2017

စံချိန်ချိုးနေဆဲ အသက် ၈၅ နှစ်အရွယ် ရေကူးချန်ပီယံအဖိုးအို (ရုပ်သံ)

အသက် ၈၀ နဲ့ ၉၀ ကြားဝန်းကျင်ရှိတဲ့ အရွယ်ထိ ကျန်းမာကြံ့ခိုင်ပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်နိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး။ ဒါပေမယ့် ခရစ္စ စမစ်သ်ကတော့ ကျန်းမာကြံ့ခိုင်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အသက် ၈၅ နှစ်နီးပါး အရွယ်ထိ နေထိုင်နိုင်ခဲ့ပါပြီ။ သူဟာ တကယ့်ကို ဝါရင့် ရေကူးအားကစားသမားတယောက်အဖြစ် စံချိန်တွေချိုးနိုင်ခဲ့သူပါ။ စမစ်သ်ဟာ လက်ရှိအချိန်ထိ သူနေထိုင်ရာ ကနေဒါနိုင်ငံမှာ ရေကူးအားကစားစံချိန် အခု ၇၀ နီးပါးကို ချိုးပြနိုင်ခဲ့တာဟာ အံ့သြစရာပါပဲ။ ၂၀၁၄ ခုနှစ်မှာ နှလုံးခွဲစိတ်မှုတွေ လုပ်ဆောင်ခဲ့ရပေမယ့် သူကတော့ သေတဲ့အထိ ရေကူးအားကစားကို ဆက်လုပ်သွားမှာဖြစ်ပြီး ဆက်ပြီး စံချိန်တွေ ချိုးချင်သေးတယ်လို့ ပြောပါတယ်။
4 years Ago
Up