ယောမြို့ဟောင်း

May 29, 2018

ယောမြို့​ဟောင်းအနီး ရှေးဟောင်းစေတီနေရာ တူးဖော်ရာတွင် ဆင်းတုတော်များ တွေ့ရှိ

မ​ကွေးတိုင်း​ဒေသကြီး၊ ​ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ဒေသ ​ယောမြို့​ဟောင်းအနီး ကျောက်ပျဉ်းကျေးရွာမှာ ပျက်စီးသွားတဲ့ ရှေးဟောင်းစေတီတော်နေရာကို ပြီးခဲ့တဲ့လက တူးဖော်ကြရာ ဗုဒ္ဓဆင်းတုတော်တွေ တွေ့ရှိတဲ့အတွက် ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင် ပူဇော်ခံထားပါတယ်​။ ကျောက်ပျဉ်းရွာကျောင်းဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌအမှူးပြုတဲ့ ကျေးရွာနေပြည်သူတွေက ကျေးရွာအနီးရှိ ကုန်းမြင့်မှာ ဉာဏ်တော်အမြင့် ၉ တောင်ရှိ ဓာတ်ပေါင်းစုစေတီတော်တစ်ဆူကို တည်ထားကိုးကွယ်နိုင်ဖို့ ဆောင်ရွက်နေတဲ့အတွက် တူးဖော် တွေ့ရှိခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို စေတီတော်သစ်မှာ ဌာပနာပြီး တည်ထားကိုးကွယ်ကြဖို့ ရှိနေပါတယ်။ ဆင်းထုတော်တွေကို အနေကဇာတင်လှူ ပူဇော်ပွဲနဲ့ စေတီတော်တည်ထားမယ့်နေရာသို့ ပင့်ဆောင်ပူဇော်ပွဲကို မေ ၂၈ ရက်နေ့ မနက်က ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်​ခဲ့ပါတယ်​။ ဓာတ်ပေါင်းစုစေတီတော်ကို အများကောင်းမှုအဖြစ်တည်ထားမှာဖြစ်ပြီး စေတီတော်တည်ထားနိုင်ရေး ကျောက်ပျဉ်းကျေးရွာနေ ဦးသန့်ဇင်နဲ့ ဒေါ်လဲ့လဲ့ဝင်း မိသားစုတို့က ငွေကျပ် သိန်း ၁၅၀ နဲ့ ကုသိုလ်ရှင် စေတနာရှင်ပြည်သူများထည့်ဝင်တဲ့ အလှူတော်ငွေ ကျပ်သိန်း ၁၅၀ ကျော်တို့ ရရှိနေပြီဖြစ်ပါတယ်။ စေတီတော်အတွက် ထည့်ဝင်လှူဒါန်းလိုသူတွေ ဖုန်း ၀၉၄၀၁၆၅၀၀၆၈ သို့ ဆက်သွယ်နိုင်ပါတယ်​။ သတင်း-ဓာတ်ပုံ - ​ယောသား​လေး
4 years Ago
Up