ယော့ခ်မြို့တွင် အိမ်တလုံးကို ကားဝင်တိုက်

September 4, 2017

ယော့ခ်မြို့တွင် အိမ်တလုံးကို ကားဝင်တိုက်၊ လူ ၄ ဦး ဒဏ်ရာရ

အင်္ဂလန်နိုင်ငံ အရှေ့မြောက်ဘက် ယော့ခ်မြို့မှာ အိမ်တအိမ်ကို ကားဝင်တိုက်ပြီး မီးလောင်ခဲ့လို့ လူ ၄ ဦး ဒဏ်ရာရရှိကာ ၃ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၃ ရက် မနက် ၁ နာရီ ၂၀ မိနစ်အချိန်မှာ ယော့ခ်မြို့က အိမ်ရဲ့ ဧည့်ခန်းထဲကို ဗီဒဗလျူဂေါ့ဖ်အမျိုးအစား အဖြူရောင်ကားတစီးက ဝင်တိုက်မိတာဖြစ်ပြီး ကားမောင်းသူ၊ ကားပေါ်ပါလာသူ ၂ ဦးနဲ့ ဧည့်ခန်းရဲ့ ဆိုဖာပေါ် ထိုင်နေသူ ၁ ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာရခဲ့တာပါ။ နော့သ်ယော့ခ်ရှီယား ရဲတဦးဖြစ်သူ ပေါလ်ကော့ဒင်က “အံ့သြစရာကောင်းတာက ဘယ်သူမှ မသေဘူး” လို့ မင်စတာအက်ဖ်အမ် သတင်းဌာနကို ပြောပါတယ်။ ကားမောင်းသူ အသက် ၂၀ ကျော် အမျိုးသားကို ဖမ်းဆီးလိုက်ပြီး ကားက နံရံကိုတိုက်ပြီး ဧည့်ခန်းထဲဝင်လာချိန် ဆိုဖာပေါ်မှာ အမျိုးသားတဦး ထိုင်နေတယ်လို့ ကော့ဒင်က ပြောပါတယ်။ အိမ်ပိုင်ရှင်အမျိုးသား ခြေလက်အောက်ပိုင်းတွေ ထိခိုက်ဒဏ်ရာရပေမယ့် သူ့ရဲ့ဇနီးနဲ့ ကလေးငယ်ကတော့ ဒဏ်ရာမရဘဲ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ကားပိုင်ရှင်တွေအားလုံးကတော့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရကြပြီး နော့သ်ယော့ခ်ရှီးယားရဲတွေက ကားမတိုက်ခင် အချိန်ကလေးမှာ ဒီကားနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စိတ်ဝင်စားနေတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up