ယောနိ

March 7, 2019

ယောနိတို့၏ စကားဝိုင်း ရန်ကုန်တွင်ကျင်းပ

စိတ်ခွန်အားဖြစ်စရာ၊ ပျော်ရွင်စရာ၊ ရဲဝံ့ဖွယ်ရာ၊ ဝမ်းနည်းဆွေးမြေ့ဖွယ်ရာဖြစ်တဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ အမျိုးသမီးပစ္စည်း ယောနိအကြောင်း ရည်ညွှန်းပုံဖော်ထားပြီး ဇာတ်လမ်းတိုလေးတွေနဲ့ စုစည်းထားတဲ့ ယောနိတို့ရဲ့စကားဝိုင်းကို ရန်ကုန်မှာ ကျင်းပနေပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ဖို့နဲ့ ဗဟုသုတ ပိုမိုရရှိလာဖို့အတွက်ရည်ရွယ်ပြီး ယောနိစကားဝိုင်းကို ကျင်းပတာ ဖြစ်တယ်လို့ မြန်မာယောနိစကားဝိုင်း စီစဉ်သူ နန္ဒာကပြောပါတယ်။ နိုင်ငံတကာက တက်ကြွလှုပ်ရှားသူတွေရဲ့ ကမ္ဘာတ၀န်း လှုပ်ရှားမှုတခုအဖြစ် ယောနိစကားဝိုင်းတွေကို ဖျော်ဖြေတင်ဆက်လေ့ရှိပြီး ဒုတိယမြောက်နှစ်အတွက် မတ်လ ၅ ရက်ကနေ ၈ ရက်အထိ ၄ ရက်တိုင် ကျင်းပမှာ ဖြစ်ပါတယ်။
2 years Ago
Up